Connect with us

Hi, what are you looking for?

သတင်း

ကရင်နဲ့မွန် ပြည်နယ်က ရဲစခန်းအချိုနဲ့ ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရ

ရဲစခန်း နေရာတွေကို ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့ပြီး ဓာတ်အားခွဲရုံကိုတော့ မိုင်းခွဲ ခဲ့တာလို့ အထူးစစ်ဆင်ရေးအဖွဲ့ က ဆိုထားပါတယ်။

ကရင်နဲ့မွန် ပြည်နယ်က ရဲစခန်းအချိုနဲ့ ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရ
ကရင်နဲ့မွန် ပြည်နယ်က ရဲစခန်းအချိုနဲ့ ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ထဲက ရဲစခန်း အချို့နဲ့ ဓာတ်အားခွဲရုံကို ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ NUG လက်အောက်ခံ အထူးစစ်ဆင်ရေးအဖွဲ့ က အသိပေးပါတယ်။

တိုက်ခိုက်ခဲ့တဲ့ နေရာတွေကတော့ မွန်ပြည်နယ် သံဖြူဇရပ်မြို့ တောင်ကလေးရဲစခန်း ၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တိုင်ရဲစခန်းနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ဓာတ်အားခွဲရုံ တို့ဖြစ်တယ်လို့သိရပါတယ်။

ကရင်နဲ့မွန် ပြည်နယ်က ရဲစခန်းအချိုနဲ့ ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရ
ကရင်နဲ့မွန် ပြည်နယ်က ရဲစခန်းအချိုနဲ့ ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရ

တိုက်ခိုက်မှုတွေကို ဇူလိုင်လ ၆ ရက်ပြုလုပ်တာဖြစ်ပြီး KNU နဲ့ PDF ပူးပေါင်းတပ်တွေဆောင်ရွက်တာလို့သိရပါတယ်။

ရဲစခန်း နေရာတွေကို ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့ပြီး ဓာတ်အားခွဲရုံကိုတော့ မိုင်းခွဲ ခဲ့တာလို့ အထူးစစ်ဆင်ရေးအဖွဲ့ က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ကရင်နဲ့မွန် ပြည်နယ်က ရဲစခန်းအချိုနဲ့ ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရ
ကရင်နဲ့မွန် ပြည်နယ်က ရဲစခန်းအချိုနဲ့ ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရ

ဓာတ်ခွဲရုံက ဓာတ်အားကို ပြည်သူတွေအတွက်ခွဲဝေမသုံးဘဲ စစ်တပ်ရဲ့ တပ်ရင်း ၊ဗျုဟာကုန်းနဲ့ CCTV လိုလုံခြုံရေးကွန်ရက်အတွက် သာ အသုံးပြုတဲ့အတွက် ဖောက်ခွဲရတာလို့ S.O.F တာဝန်ခံတပ်မှူးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

Facebook