Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လူ့အခွင့်အရေးကောင်စီတွင် အာဏာသိမ်းစစ်တပ်ကို ရှုတ်ချမှု၊ အရေးယူရန် တောင်းဆိုမှုများ အရှိန်မြင့်လာဟု NUG ဝန်ကြီးပြော

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အမှန်တကယ် ပြုပြင်ပြောင်းလဲလိုသည့် နိုင်ငံရေးဆန္ဒ(political will) အားနည်းနေကြောင်း ကုလသမဂ္ဂထိပ်တန်းအရာရှိများက ထောက်ပြသည်။

(မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူနှင့်လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး။ဓါတ်ပုံ-UN၊ AFP)
(မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူနှင့်လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး။ဓါတ်ပုံ-UN၊ AFP)

ကျင်းပနေဆဲ လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအပါအဝင် တာ၀န်ရှိသူများ၏ ပြောကြားချက်၊​ ရှုတ်ချမှုများနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူလုပ်ဆောင်ရန် တောင်းဆိုချက်များ အရှိန်မြင့်လာကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

၅၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးVolker Turk နှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူသောမက်စ်အန်ဒရူးစ်တို့ တင်သွင်းသောအစီရင်ခံစာများအကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးက ယနေ့ အသိပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော (အာဏာသိမ်းစစ်တပ် ကျူးလွန်နေသော) လူ့အခွင့်အရေးဆိုင်ရာ၊ ရာဇဝတ်မှုဆိုင်ရာ၊ အကြမ်းဖက်မှုဆိုင်ရာ အမှုများသည် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သတ်မှတ်ချက်များ၊ နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေများကို ဆိုးရွားစွာချိုးဖောက်သည့်အဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အထူးအစီရင်ခံစာတင်သွင်းသူတို့က ရှုမြင်ထားကြသည်။

(မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူနှင့်လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး။ဓါတ်ပုံ-UN၊ AFP)
(မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူနှင့်လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး။ဓါတ်ပုံ-UN၊ AFP)

တချိန်တည်းတွင် အထက်ပါကုလသမဂ္ဂထိပ်တန်းအရာရှိများက မြန်မာပြည်သူများ၏ လက်ရှိတိုက်ပွဲဝင်နေမှုအပေါ် လေးစားဂုဏ်ယူချီးကျူးကြပြီး နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အခြေအနေဆိုးများကို အမြန်ဆုံးရပ်တန့်နိုင်ရန် အရေးယူလုပ်ဆောင်မှုများ ယခုထက်ပိုမိုပြင်းထန်စွာ လုပ်ဆောင်ရန် အချိန်ကျရောက်နေပြီဟု ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့နှစ်ဦးစလုံးရဲ့ တင်ပြချက်ကို ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ လူအခွင့်အရေးဆိုင်ရာတာဝန်ရှိတဲ့ ကုလသမဂ္ဂအရာရှိများရဲ့ ပြောကြားချက်တွေဖြစ်တဲ့အတွက် ရရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီးပြောဆိုတာတင်မကဘဲနဲ့ လူ့အခွင့်အရေးနဲ့ မြန်မာနိုင်ငံပြည်သူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေကို စာနာနားလည်တဲ့ လူသားဆန်သောသူနှစ်ဦးရဲ့ ရင်ထဲကခံစားရတဲ့အကြောင်းအရာတွေ၊ ပြည်သူတွေအတွက် အားမလိုအားမရဖြစ်တဲ့အသံတွေ၊ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုအပိုင်း နှေးကွေးမှုတွေကို ထောက်ပြလိုတဲ့အသံတွေ ပါဝင်နေတာကို တွေ့ရှိနိုင်ပါတယ်” ဟု NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

အထူးအစီရင်ခံစာတင်သွင်းသူ သောမက်စ်အန်ဒရူးစ်က လက်ရှိ အကြမ်းဖက်စစ်ကောင်စီကို အဓိကပိတ်ဆို့မှု (၃)ခုဖြစ်သော လက်နက်၊ ငွေ၊ တရားဝင်မှု ပိတ်ဆို့မှုများ လုပ်ဆောင်ရန် တိုက်တွန်းပြီး နိုင်ငံအလိုက် လုပ်ဆောင်မှုများရှိသော်လည်း ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက်ကာ နည်းလမ်းတကျဖြင့် လုပ်ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ရှိရန် လိုအပ်ကြောင်း ထောက်ပြသည်။

ထို့အပြင် ၂၀၂၂ ဒီဇင်ဘာတွင် ချမှတ်ခဲ့သော လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် မလုံလောက်တော့ဘဲ လုံခြုံရေးကောင်စီအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်မှုများ ၊ ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာခုံရုံးအထိ လွှဲပြောင်းပေးအပ်ရန် လုပ်ဆောင်သင့်ကြောင်း အန်ဒရူးစ်က ဆက်လက်တိုက်တွန်းသည်။

သို့သော် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အမှန်တကယ် ပြုပြင်ပြောင်းလဲလိုသည့် နိုင်ငံရေးဆန္ဒ(political will) အားနည်းနေကြောင်း ကုလသမဂ္ဂထိပ်တန်းအရာရှိများက ထောက်ပြသည်။

“နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအရေးကို စိတ်ဝင်စားမှု ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံအရေးကို ဆွေးနွေးမှုကို ကျေးဇူးတင်ပါတယ်။ ဆွေးနွေးရုံတင်မကဘဲနဲ့ တကယ်ထိရောက်တဲ့ကိစ္စတွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက်၊ ပူးပေါင်းလုပ်ဆောင်မှုတွေရှိဖို့အတွက်၊ လက်တွေ့ကျသော အကူအညီတွေ ပေးဖို့လိုအပ်တယ်ဆိုတဲ့အကြောင်း ဒီကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်ပြသွားတဲ့ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနဲ့ မြန်မာနိုင်ငံလူ့ အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိတို့ရဲ့ တင်ပြချက်တွေက ထပ်မံပြီးတော့ မီးမောင်းထိုးဖော်ပြထားပါတယ်”ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။