Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကလိုင်ဇာမြို့ကိုပစ်ခတ်​သောလက်နက်ကြီးတရုတ်ဘက်သို့ကျရောက်ပေါက်ကွဲ

နမ့်ဆန်ယာန်ဒေသို့စစ်ကောင်စီတပ်ကအင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

(စစ်​ကောင်စီ၏ လက်နက်ကြီးတပ်ဖွဲ့ဝင်အချို့ ။ ပုံအ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီ၏ လက်နက်ကြီးတပ်ဖွဲ့ဝင်အချို့ ။ ပုံအ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-စစ်​ကောင်စီ)

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာမြိုပေါ်သို့ စစ်ကောင်စီတပ်က ယမန်နေ့ညတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်တစ်လုံး တရုတ်နိုင်ငံဘက်သို့ကျရောက်ပေါက်ကွဲခဲ့ကြောင်းကချင်ဒေသစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဇူလိုင် ၁၄ရက်ည ၁၀ နာရီ ၅၃ မိနစ်တွင် စစ်ကောင်စီတပ်က မြို့ကိုပစ်မှတ်ထား တိုက်ခိုက် လာခြင်းဖြစ်သည်ဟုသိရသည်။

“တစ်လုံးတရုတ်ဘက်ကျတယ်။ လိုင်ဇာမြို့ကိုပစ်တာကျော်သွားတယ်။ အဝေးက လှမ်းပစ်တာ” ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လိုင်ဇာမြို့ကို လက်နက်ကြီး ပစ်ခတ်လာမှုနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း စစ်တပ်ပစ်ခတ်​သောလက်နက်ကြီး တရုတ်နိုင်ငံဘက်ခြမ်းသို့ကျ​ရောက်သည်မှာ မှန်ကန်ပြီး ၃ လုံးဖြစ်ကာ ၊ ​၁၂၀ မမ ဖြစ်နိုင်ပြီးလက်နက်ကြီးမှာ လေကာပါဝင်​ကြောင်း​ပြောသည်။

လိုင်ဇာနှင့်နီးသည့် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယာန် ဒေသတွင် ဇူလိုင်လဆန်းမှစ၍ တိုက်ပွဲများ စတင်ခဲ့ပြီး နမ့်ဆန်ယာန်နှင့် ဆက်စပ်ဒေသများ၌ တိုက်ပွဲများနေ့စဉ်နီးပါး ပြင်းထန်လျက်ရှိသည်။ စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် နမ့်ဆန်ယာန်ဒေသကိုသာမက တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မိုင်ဆက်ပါဒေသသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

နမ့်ဆန်ယာန်ဒေသို့စစ်ကောင်စီတပ်ကအင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။