Connect with us

Hi, what are you looking for?

သတင်း

NUG ကြားကာလဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ ဖွဲ့စည်း

NUG၏ ကြားကာလဗဟိုဘဏ် ဥက္ကဌဖြစ်သူစီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ယနေ့ရက်စွဲဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

NUG ကြားကာလဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ ဖွဲ့စည်း
NUG ကြားကာလဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ ဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်ကဒုဥက္ကဌနှင့် ဒါရိုက်တာအဖွဲ့ဝင်နှစ်ဦးခန့်အပ်လိုက်ပြီး ကြားကာလဗဟိုဘဏ်၊ ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။

NUG၏ ကြားကာလဗဟိုဘဏ် ဥက္ကဌဖြစ်သူစီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ယနေ့ရက်စွဲဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကြားကာလဗဟိုဘဏ် ဒုတိယဥက္ကဌကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးကို ခန့်အပ်ပြီး ၊ဒါရိုက်တာအဖွဲ့ဝင်နှစ်ဦးကို Dr. Johnny Ahtang နှင့်ဦးအောင်ပိုင်တို့ကို NUGကခန့်အပ်လိုက်ခြင်းဖြစ်သည်။

“လူငယ်ပညာတတ်တွေကို နေရာပေးပြီးတော်လှန်ရေးမှာပါဝင်စေတာ တော်လှန်ရေးကို ခရီးရောက်စေပါတယ်။”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

NUGက ခန့်အပ်လိုက်သည့် ဒါရိုက်တာအဖွဲ့တစ်ဦးသည် ဩစတြေးလျနိုင်ငံ Deakin တက္ကသိုလ်မှ စီးပွားရေးဆိုင်ရာ ဒေါက်တာဘွဲ့ရရှိသူတစ်ဦးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။