အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်ကဒုဥက္ကဌနှင့် ဒါရိုက်တာအဖွဲ့ဝင်နှစ်ဦးခန့်အပ်လိုက်ပြီး ကြားကာလဗဟိုဘဏ်၊ ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။
NUG၏ ကြားကာလဗဟိုဘဏ် ဥက္ကဌဖြစ်သူစီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ယနေ့ရက်စွဲဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကြားကာလဗဟိုဘဏ် ဒုတိယဥက္ကဌကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးကို ခန့်အပ်ပြီး ၊ဒါရိုက်တာအဖွဲ့ဝင်နှစ်ဦးကို Dr. Johnny Ahtang နှင့်ဦးအောင်ပိုင်တို့ကို NUGကခန့်အပ်လိုက်ခြင်းဖြစ်သည်။
“လူငယ်ပညာတတ်တွေကို နေရာပေးပြီးတော်လှန်ရေးမှာပါဝင်စေတာ တော်လှန်ရေးကို ခရီးရောက်စေပါတယ်။”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement
NUGက ခန့်အပ်လိုက်သည့် ဒါရိုက်တာအဖွဲ့တစ်ဦးသည် ဩစတြေးလျနိုင်ငံ Deakin တက္ကသိုလ်မှ စီးပွားရေးဆိုင်ရာ ဒေါက်တာဘွဲ့ရရှိသူတစ်ဦးဖြစ်သည်။
















































