Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့အနှံ့ ပိုမိုပြင်းထန်သည့် စစ်ဆင်ရေးများပြု လုပ်မည်ဖြစ်၍ CCTVများပိတ်ထားပေးရန် မေတ္တာရပ်ခံ

၎င်းတို့အတွေ့အကြုံများအရ အိမ်၊ဆိုင် ပတ်ဝန်းကျင်၌ တပ်ဆင်ထားသော လုံခြုံရေးကင်မရာ CCTV များကြောင့် မြို့ပြပြောက်ကြားသူရဲကောင်းများအား နောက်ယောင်ခံလိုက်ခြင်း၊ ဖမ်းဆီးခံရခြင်းများ အများအပြားရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ရန်ကုန်မြို့ နေရာအနှံ့တွင် အောက်တိုဘာ၃ရက်ကစပြီး ပိုမိုပြင်းထန်သည့် မြို့ပြပြောက်ကြား စစ်ဆင်ရေးများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် မြန်မာလူ့အဖွဲ့အစည်းကိုယ်စားပြုတပ်မတော် (Army Representing Myanmar Society – ARMS) က အသိပေးချက် ထုတ်ပြန်သည်။

“သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် လူကြီးမင်းတို့၏ အိမ်/ဆိုင်ရှေ့နှင့် ပတ်ဝန်းကျင် တွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာ CCTV များကို လမ်းဘက်သို့ မျက်နှာမမူ ဘဲ အခြားတနေရာသို့ မြင်ကွင်းပြောင်းပြီး ချိန်ရွယ်ထားခြင်း (သို့မဟုတ်) ပိတ်ထားခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ကူညီကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတို့အတွေ့အကြုံများအရ အိမ်၊ဆိုင် ပတ်ဝန်းကျင်၌ တပ်ဆင်ထားသော လုံခြုံရေးကင်မရာ CCTV များကြောင့် မြို့ပြပြောက်ကြားသူရဲကောင်းများအား နောက်ယောင်ခံလိုက်ခြင်း၊ ဖမ်းဆီးခံရခြင်းများ အများအပြားရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထို့ကြောင့် မိမိတို့၏လုံခြုံရေးကင်မရာ CCTV များ၌ လှုပ်ရှားမှုပုံရိပ်များ မတော်တဆ ဖမ်းယူထားရှိမှုများရှိခဲ့ပါက အမြန်ဆုံးဖျက်ပစ်ရန်နှင့် ဆိုရှယ်မီဒီယာများပေါ် ဖော်ပြခြင်းမပြုရန် တော်လှန်ရေးအင်အားစုများနှင့် ARMS က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ဆင်ရေးများကို မိဘပြည်သူများအန္တရာယ်ကင်းရှင်းရေး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ထို့ကြောင့် စစ်ဆင်ရေးတွင်ပါဝင်သော ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များမှ အကူအညီများတောင်းခံ လာပါကလည်း ပူးပေါင်းကူညီပေးကြပါရန် တော်လှန်ရေးအင်အားစုများနှင့် ARMS တို့က မေတ္တာရပ်ခံပန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရှည်လျားလှတဲ့ နိုင်ငံတကာ စစ်ဆင်ရေး ဖြန့်ကျက်မှုကာလ ပြီးဆုံးပြီးတဲ့နောက် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Gerald R Fordဟာ မေလ ၁၆ ရက်နေ့မှာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။