Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်မြို့အနှံ့ ပိုမိုပြင်းထန်သည့် စစ်ဆင်ရေးများပြု လုပ်မည်ဖြစ်၍ CCTVများပိတ်ထားပေးရန် မေတ္တာရပ်ခံ

၎င်းတို့အတွေ့အကြုံများအရ အိမ်၊ဆိုင် ပတ်ဝန်းကျင်၌ တပ်ဆင်ထားသော လုံခြုံရေးကင်မရာ CCTV များကြောင့် မြို့ပြပြောက်ကြားသူရဲကောင်းများအား နောက်ယောင်ခံလိုက်ခြင်း၊ ဖမ်းဆီးခံရခြင်းများ အများအပြားရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ရန်ကုန်မြို့ နေရာအနှံ့တွင် အောက်တိုဘာ၃ရက်ကစပြီး ပိုမိုပြင်းထန်သည့် မြို့ပြပြောက်ကြား စစ်ဆင်ရေးများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် မြန်မာလူ့အဖွဲ့အစည်းကိုယ်စားပြုတပ်မတော် (Army Representing Myanmar Society – ARMS) က အသိပေးချက် ထုတ်ပြန်သည်။

“သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် လူကြီးမင်းတို့၏ အိမ်/ဆိုင်ရှေ့နှင့် ပတ်ဝန်းကျင် တွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာ CCTV များကို လမ်းဘက်သို့ မျက်နှာမမူ ဘဲ အခြားတနေရာသို့ မြင်ကွင်းပြောင်းပြီး ချိန်ရွယ်ထားခြင်း (သို့မဟုတ်) ပိတ်ထားခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ကူညီကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတို့အတွေ့အကြုံများအရ အိမ်၊ဆိုင် ပတ်ဝန်းကျင်၌ တပ်ဆင်ထားသော လုံခြုံရေးကင်မရာ CCTV များကြောင့် မြို့ပြပြောက်ကြားသူရဲကောင်းများအား နောက်ယောင်ခံလိုက်ခြင်း၊ ဖမ်းဆီးခံရခြင်းများ အများအပြားရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထို့ကြောင့် မိမိတို့၏လုံခြုံရေးကင်မရာ CCTV များ၌ လှုပ်ရှားမှုပုံရိပ်များ မတော်တဆ ဖမ်းယူထားရှိမှုများရှိခဲ့ပါက အမြန်ဆုံးဖျက်ပစ်ရန်နှင့် ဆိုရှယ်မီဒီယာများပေါ် ဖော်ပြခြင်းမပြုရန် တော်လှန်ရေးအင်အားစုများနှင့် ARMS က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ဆင်ရေးများကို မိဘပြည်သူများအန္တရာယ်ကင်းရှင်းရေး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ထို့ကြောင့် စစ်ဆင်ရေးတွင်ပါဝင်သော ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များမှ အကူအညီများတောင်းခံ လာပါကလည်း ပူးပေါင်းကူညီပေးကြပါရန် တော်လှန်ရေးအင်အားစုများနှင့် ARMS တို့က မေတ္တာရပ်ခံပန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

သတင်း

ထိုးစစ်စတင်သည့် နေ့၌ပင် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၁၀ ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး နောက်ပိုင်းရက်များတွင်လည်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ ကာကင်းစခန်းများ ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တစ်ခုတည်းမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရန် ဖြစ်ကြောင်း ပြောသည်။

သတင်း

ရှမ်းမြောက်၌ တိုက်ပွဲဝင်နေသည့် ညီနောင်သုံးဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့သည် ရက္ခိုင်ဒေသအပါအဝင် နေရာအချို့၌ တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည့် အခြေအနေကို အထက်ပါအတိုင်း အသိပေးခြင်းဖြစ်သည်။