Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော် – ကန်ပိုက်တီလမ်းနှင့် မြစ်ကြီးနား – ဗန်းမော်လမ်း၌ စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

ကန်ပိုက်တီမှ ဆင်းလာသည့် စစ်ကောင်စီတပ်ကို ဇူလိုင် ၂၆ရက် နံနက်၉နာရီခန့်တွင် KIA တပ်ရင်း(၃) တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မှ တပ်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - KIA)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မှ တပ်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - KIA)

ကချင်ပြည်နယ် ဝိုင်းမော် – ကန်ပိုက်တီလမ်း၌ ယနေ့ နံနက်ကတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ကန်ပိုက်တီမှ ဆင်းလာသည့် စစ်ကောင်စီတပ်ကို ဇူလိုင် ၂၆ရက် နံနက်၉နာရီခန့်တွင် KIA တပ်ရင်း(၃) တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်အား ဂေါ်နန်နှင့် လဂျောင်ရွာအကြား၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးဟု ဒေသခံက ပြောသည်။

ထို့ပြင် ယနေ့ မွန်းလွဲပိုင်း၌လည်း မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းရှိ မလိယန်မှ ဂျာပူရွာသို့ လာသည့် စစ်ကောင်စီတပ်ကို KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့ ဇူလိုင်၂၅ရက်ကလည်း မြစ်ကြီးနား ဗန်းမော်လမ်း နေရာ သုံးခု၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ယနေ့ညပိုင်းသတင်းတွင် ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှု ရှိကြောင်း ဒေသခံသတင်းရင်းမြစ် အချို့က ပြောကြားသော်လည်း သီးခြားအတည်ပြုချက်မရပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။