Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ ရထားပေါ်မှာ လုံခြုံရေး အရာရှိက ပစ်ခတ်လို့ လူ ၄ ဦး သေဆုံး

ဇူလိုင် ၃၁ ရက်က နိုင်ငံ အနောက်ပိုင်း၊ မဟာရက်ရှ်ထရာ ပြည်နယ်ထဲမှာ ဂျိုင်ပွာကနေ မွမ်ဘိုင်းဆီ ဦးတည် ခုတ်မောင်းနေတဲ့ ရထားပေါ်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ အနောက်ပိုင်းဒေသ ရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အိန္ဒိယ ရထားပေါ်မှာ လုံခြုံရေး အရာရှိက ပစ်ခတ်လို့ လူ ၄ ဦး သေဆုံး
အိန္ဒိယ ရထားပေါ်မှာ လုံခြုံရေး အရာရှိက ပစ်ခတ်လို့ လူ ၄ ဦး သေဆုံး

အိန္ဒိယနိုင်ငံက ခုတ်မောင်းနေတဲ့ ရထားတစ်စီးပေါ်မှာ ရထား လုံခြုံရေး အရာရှိ တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၃၁ ရက်က နိုင်ငံ အနောက်ပိုင်း၊ မဟာရက်ရှ်ထရာ ပြည်နယ်ထဲမှာ ဂျိုင်ပွာကနေ မွမ်ဘိုင်းဆီ ဦးတည် ခုတ်မောင်းနေတဲ့ ရထားပေါ်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ အနောက်ပိုင်းဒေသ ရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ရထားရဲ့ လုံခြုံရေးဆိုင်ရာ အရာရှိ တစ်ဦးဖြစ်သူ ချီတန်ကူးမားက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးအပြင် ခရီးသည် သုံးဦးကိုပါ ပစ်သတ်ခဲ့တယ်လို့ အဲဒီ တာဝန်ရှိသူက ဆိုပါတယ်။ ကူးမားရဲ့ အဓိက ပစ်မှတ်ဟာ လုပ်ဖော်ကိုင်ဖက် တီကာရင် မီနာဖြစ်ကြောင်း၊ ဒါပေမဲ့ တခြား ခရီးသည်တွေလည်း ပစ်ခတ် ခံခဲ့ရကြောင်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

ပစ်ခတ်မှု အပြီးမှာတော့ ကူးမားဟာ ရထားရပ်ဖို့ အရေးပေါ် သတိပေး စနစ်ကို ဖွင့်ခဲ့ပါတယ်။ ရထားရပ်သွားချိန်မှာ သူက ခုန်ချပြီး ထွက်ပြေးသွားပေမယ့် ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို လောလောဆယ်မှာ အတိအကျ မသိရသေးဘဲ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ဆိုပါတယ်။ ပစ်သတ်ခံရတဲ့ ခရီးသည်တွေ ဘယ်သူလဲ ဆိုတာကိုတော့ ရထားခရီးသည် စာရင်းနဲ့ တိုက်ဆိုင်ပြီး ပြန်လည် စစ်ဆေးနေပါတယ်။

ပြည်နယ် ရထားပို့ဆောင်ရေး ဌာန တာဝန်ခံ နီရက်ဂျ် ကူးမားက သေဆုံးသူတွေရဲ့ မိသားစုတွေဆီ နစ်နာကြေး ပေးချေသွားမှာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။