Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင် KIA/PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်

အင်းတော်ဒေသ၌ တိုက်ပွဲဖြစ်ပွားမှုမရှိသည်မှာ အနည်းငယ်ကြာပြီးဖြစ်ပြီး ယနေ့နံနက်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(KIA တပ်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(KIA တပ်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - PS)

▪️စစ်ကောင်စီက အရပ်သားယာဉ်ကို ပစ်ခတ်ရာ ပြည်သူ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံ PDF ရဲဘော်က ပြောသည်။

ယနေ့(ဩဂုတ် ၂ရက်) နံနက်တွင် အင်းတော်နယ် နဘားကျေးရွာသို့ ရောက်လာသည့် စစ်ကောင်စီတပ်နှင့် KIA/KPDF ပူးပေါင်းတပ် ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ဖြစ်လိုက်တော့ ဒီမနက် ၁၀နာရီလောက်မှာ နဘားလမ်းဆုံကို ဖြတ်တဲ့ ကားကို စစ်ကောင်စီက တားတာမရပ်ပေးလို့ဆိုပြီးတော့ ပစ်လိုက်တယ်လို့ သိရတယ်။ ပစ်လိုက်တော့ ကားမောင်းတဲ့ ကားဆရာပွဲချင်းပြီးသေပြီးတော့ နှစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာရရှိတယ်”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် အရပ်သားပြည်သူများကို ခွဲခြားမှုမရှိဘဲ တိုက်ခိုက်နေ၍ ပြည်သူများ ပို၍ သတိထားသွားလာသင့်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်မှုရှိ၊မရှိကို မသိရသေးဟု အင်းတော် PDF ရဲဘော်က ပြောသည်။

“KIA/KPDF ကတော့ ဆုတ်သွားပြီ။ စစ်ကောင်စီကတော့ တောင်ပေါ်တွေကို ရမ်းပြီးတော့ ပစ်နေတုန်းပဲ”ဟု၎င်းက ဆိုသည်။

အင်းတော်ဒေသ၌ တိုက်ပွဲဖြစ်ပွားမှုမရှိသည်မှာ အနည်းငယ်ကြာပြီးဖြစ်ပြီး ယနေ့နံနက်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။