Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် ကီရှီဒါ စတင် တာဝန်ယူ

ဆူဂါဟာ ဂျပန်ရဲ့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ရှင်ဇို အာဘေးရဲ့ အရိုက်အရာကို ဆက်ခံပြီး တစ်နှစ်လောက် အကြာမှာပဲ ရာထူးက နုတ်ထွက်ခဲ့တာပါ။ သူဟာ စီးပွားရေးဆိုင်ရာ မူဝါဒတွေနဲ့ ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေမှာ အားနည်းတယ်လို့ ဝေဖန် ခံခဲ့ရပြီး ပြည်တွင်းမှာ လူကြိုက်သိပ်မများခဲ့ပါဘူး။

ယိုရှီဟီဒီ ဆူဂါ နုတ်ထွက်လိုက်တဲ့နောက် ဖူမီယို ကီရှီဒါဟာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ရာထူးကို တရားဝင် ဆက်ခံလိုက်ပြီ ဖြစ်ပါတယ်။

ဆူဂါဟာ ဂျပန်ရဲ့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ရှင်ဇို အာဘေးရဲ့ အရိုက်အရာကို ဆက်ခံပြီး တစ်နှစ်လောက် အကြာမှာပဲ ရာထူးက နုတ်ထွက်ခဲ့တာပါ။ သူဟာ စီးပွားရေးဆိုင်ရာ မူဝါဒတွေနဲ့ ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေမှာ အားနည်းတယ်လို့ ဝေဖန် ခံခဲ့ရပြီး ပြည်တွင်းမှာ လူကြိုက်သိပ်မများခဲ့ပါဘူး။

အဲဒီနောက် အာဏာရ လစ်ဘရယ်လ် ဒီမိုကရက် ပါတီရဲ့ ခေါင်းဆောင်သစ် နေရာအတွက် မဲပေး ရွေးချယ်မှုပါ မပါဝင်တော့ဖို့ ဆူဂါက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ ဝန်ကြီးချုပ် ရာထူးကို လက်လွှတ်တော့မယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ပါတီတွင်း မဲပေး ရွေးချယ်မှု အစီအစဉ်မှာ အသက် ၆၄ နှစ်အရွယ် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကီရှီဒါက အနိုင်ရခဲ့ပြီး အခုတော့ ဆူဂါရဲ့ နေရာကို တရားဝင် ဆက်ခံလိုက်ပြီ ဖြစ်ပါတယ်။

သူဟာ လာမယ့် ရွေးကောက်ပွဲအတွက် အာဏာရပါတီ ကိုယ်စားပြု ခေါင်းဆောင် အနေနဲ့ ပြင်ဆင်ရမှာ ဖြစ်သလို ကပ်ရောဂါ ကာလအလွန် စီးပွားရေး ပြန်လည် ဦးမော့ဖို့ ကြိုးစားရဦးမှာပါ။ တစ်ဖက်မှာလည်း တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက် ပြိုင်ဆိုင်မှုတွေကို တန်ပြန်ဖို့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကပ်ရောဂါ ဖိစီးနေတဲ့ ကာလမှာ တိုကျို အိုလံပစ် ပြိုင်ပွဲကို ကျင်းပဖြစ်အောင် တွန်းအားပေးခဲ့တဲ့အတွက် လစ်ဘရယ်လ် ဒီမိုကရက် ပါတီအပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီး ဒီပုံရိပ်ကို ပြင်ဆင်ဖို့လည်း ကီရှီဒါ အနေနဲ့ ဦးဆောင် အားထုတ်ရမှာ ဖြစ်ပါတယ်။

ဆူဂါကတော့ ကပ်ရောဂါ ကာလအတွင်း သူ့ကို လူကြိုက်များမှု သိသိသာသာ ကျဆင်းလာတယ် ဆိုတာကို လူထုအမြင် စစ်တမ်း ရလဒ်တွေက အထင်အရှား ညွှန်ပြနေတဲ့နောက် ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကီရှီဒါက သူအကျွမ်းကျင်ဆုံး အရည်အချင်းက ပြည်သူတွေရဲ့ အသံကို လေးလေးစားစား နားစွင့်တတ်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ကီရှီဒါ အနေနဲ့ သူ့အပေါ် ထောက်ခံမှုတွေကို ထိန်းသိမ်းဖို့ဆိုရင် ကြိုတင် ကတိပေးထားတဲ့အတိုင်း ပါတီတွင်း ပြုပြင် ပြောင်းလဲမှုတွေကို ပီပီပြင်ပြင် ဆောင်ရွက်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ဆူဂါရဲ့ လမ်းစဉ်ကို လိုက်ရပြီး အာဘေးခေတ် မတိုင်ခင် ဂျပန်ရဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ပြန်ကြုံလာနိုင်ပါတယ်။ အဲဒီတုန်းက ၂၀၀၆ ကနေ ၂၀၁၂ ခုနှစ်အတွင်း ဂျပန်မှာ ဝန်ကြီးချုပ် ၆ ဦးထိ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။