Connect with us

Hi, what are you looking for?

သတင်း

ဆောနယ်ရှိ စစ်ရှောင်များအား PDF ဂန့်ဂေါခရိုင် တပ်ရင်း(၁၃)က စားနပ်ရိက္ခာနှင့် အမိုးအကာများ ကူညီ

တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ အခက်အခဲ အကြပ်တည်းများကိုလည်း တစ်ဖက်တစ်လှမ်းမှ ကြိုးစား၍ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဆောနယ်ရှိ စစ်ရှောင်များအား PDF ဂန့်ဂေါခရိုင် တပ်ရင်း(၁၃)က စားနပ်ရိက္ခာနှင့် အမိုးအကာများ ကူညီ
ဆောနယ်ရှိ စစ်ရှောင်များအား PDF ဂန့်ဂေါခရိုင် တပ်ရင်း(၁၃)က စားနပ်ရိက္ခာနှင့် အမိုးအကာများ ကူညီ

ဆောမြို့နယ်အတွင်းရှိ ဆော၊ ကျောက်ထု၊ လောင်းရှည် ဒေသအသီးသီးမှ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် အမိုးအကာများကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်း-The Youth Force – Saw & Kyaukhtuက ယနေ့ ထုတ်ပြန်သည်။

တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ အခက်အခဲ အကြပ်တည်းများကိုလည်း တစ်ဖက်တစ်လှမ်းမှ ကြိုးစား၍ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဆောနယ်ရှိ စစ်ရှောင်များအား PDF ဂန့်ဂေါခရိုင် တပ်ရင်း(၁၃)က စားနပ်ရိက္ခာနှင့် အမိုးအကာများ ကူညီ
ဆောနယ်ရှိ စစ်ရှောင်များအား PDF ဂန့်ဂေါခရိုင် တပ်ရင်း(၁၃)က စားနပ်ရိက္ခာနှင့် အမိုးအကာများ ကူညီ

အဆိုပါ တပ်ရင်းသည် မကွေးနှင့် ချင်းအစပ်ဒေသများတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဂန့်ဂေါခရိုင် တပ်ရင်း (၁၃)သည် နယ်မြေအတွင်းရှိ စစ်ရှောင်များအား ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆေးတပ်သားများ၊ CDM ဆရာဝန်များနှင့် စေတနာ့ ဝန်ထမ်း ဆရာ/ဆရာမများ စုပေါင်းပြီး စစ်ရှောင်များအား ကျန်းမာရေးဆိုင်ရာ အကူအညီများ ပေးခဲ့ခြင်းဖြစ်သည်။

နယ်မြေလုံခြုံရေးအရ ဆေးရုံ ၊ ဆေးခန်းများ နေရာ အတည်တကျ ဖွင့်လှစ်ထားနိုင်ခြင်း မရှိသေးသော်လည်း ရွေ့လျားဆေးခန်းအနေဖြင့် ကြိုးစား အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ဩဂုတ် ၁ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့