Connect with us

Hi, what are you looking for?

သတင်း

ဆောနယ်ရှိ စစ်ရှောင်များအား PDF ဂန့်ဂေါခရိုင် တပ်ရင်း(၁၃)က စားနပ်ရိက္ခာနှင့် အမိုးအကာများ ကူညီ

တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ အခက်အခဲ အကြပ်တည်းများကိုလည်း တစ်ဖက်တစ်လှမ်းမှ ကြိုးစား၍ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဆောနယ်ရှိ စစ်ရှောင်များအား PDF ဂန့်ဂေါခရိုင် တပ်ရင်း(၁၃)က စားနပ်ရိက္ခာနှင့် အမိုးအကာများ ကူညီ
ဆောနယ်ရှိ စစ်ရှောင်များအား PDF ဂန့်ဂေါခရိုင် တပ်ရင်း(၁၃)က စားနပ်ရိက္ခာနှင့် အမိုးအကာများ ကူညီ

ဆောမြို့နယ်အတွင်းရှိ ဆော၊ ကျောက်ထု၊ လောင်းရှည် ဒေသအသီးသီးမှ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် အမိုးအကာများကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်း-The Youth Force – Saw & Kyaukhtuက ယနေ့ ထုတ်ပြန်သည်။

တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ အခက်အခဲ အကြပ်တည်းများကိုလည်း တစ်ဖက်တစ်လှမ်းမှ ကြိုးစား၍ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဆောနယ်ရှိ စစ်ရှောင်များအား PDF ဂန့်ဂေါခရိုင် တပ်ရင်း(၁၃)က စားနပ်ရိက္ခာနှင့် အမိုးအကာများ ကူညီ
ဆောနယ်ရှိ စစ်ရှောင်များအား PDF ဂန့်ဂေါခရိုင် တပ်ရင်း(၁၃)က စားနပ်ရိက္ခာနှင့် အမိုးအကာများ ကူညီ

အဆိုပါ တပ်ရင်းသည် မကွေးနှင့် ချင်းအစပ်ဒေသများတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဂန့်ဂေါခရိုင် တပ်ရင်း (၁၃)သည် နယ်မြေအတွင်းရှိ စစ်ရှောင်များအား ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆေးတပ်သားများ၊ CDM ဆရာဝန်များနှင့် စေတနာ့ ဝန်ထမ်း ဆရာ/ဆရာမများ စုပေါင်းပြီး စစ်ရှောင်များအား ကျန်းမာရေးဆိုင်ရာ အကူအညီများ ပေးခဲ့ခြင်းဖြစ်သည်။

နယ်မြေလုံခြုံရေးအရ ဆေးရုံ ၊ ဆေးခန်းများ နေရာ အတည်တကျ ဖွင့်လှစ်ထားနိုင်ခြင်း မရှိသေးသော်လည်း ရွေ့လျားဆေးခန်းအနေဖြင့် ကြိုးစား အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ဩဂုတ် ၁ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မင်းလှမြို့နယ်တွင်နှစ်လနီးပါးကြာတိုက်ပွဲများအတွင်းစစ်သား ၂၅ ဦးခန့်​သေဆုံးဟုဆို

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်များ ပိုမိုချစ်ကြည်စည်လုံးပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် မဟာဗျူဟာမြောက် တိုက်ပွဲဝင်ပါက အဆုံးသတ်အောင်ပွဲသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချုပ်ငြိမ်းရေး အတွက် မလျှော့တမ်းတော်လှန်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များအနေဖြင့်လည်း ယင်းပန်းတိုင်ကို မျက်ခြေမပြတ်ရန်လိုကြောင်း မှာကြားခဲ့သည်။

သတင်း

ပြည်တွင်း၊ပြည်ပရှိ ပြည်သူများ၏ထောက်ခံပါဝင်မှုများကြောင့်သာပြည်သူ့ကာကွယ်ရေးတပ်မတော် -PDFများက အင်အားကြီးမားပါသည်ဆိုသော စစ်တပ်ကိုဖိအားပေး တိုက်ခိုက်နေနိုင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ် ဖော် ပြောကြားသည်။

Facebook