Connect with us

Hi, what are you looking for?

News

ယာယီသမ္မတအမိန့် အာခံသည့်အုပ်ချုပ်ရးမှူးများ အရေးယူခံရမည်ဟု တွန်းဇံ CDFသတိ​ပေး

ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အုပ်ချုပ်ရေးမှူးများ ရာထူးမှ နုတ်ထွက်ကြရန် သတိပေးထားသည်။ အုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်နေကြသကဲ့သို့ နုတ်ထွက်ခြင်းမရှိသည့် စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးမှူးများကိုလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သုတ်သင်ရှင်းလင်းလျက်ရှိသည်။

People's Spring
People's Spring

အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီး၏ နိုင်ငံတစ်ဝန်းရှိ အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများ ရာထူးမှချက်ချင်းနုတ်ထွက်ရန် ညွှန်ကြားချက်ကို မလိုက်နာသူများအနေဖြင့် အရေးယူ အပြစ်ပေးခံရမည်ဖြစ်ကြောင်း တွန်းဇံမြို့နယ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)က ယနေ့ ထုတ်ပြန်သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အုပ်ချုပ်ရေးမှူးရာထူးအား စွန့်လွတ်ရန်စက်တင်ဘာ ၇ရက်က ယာယီသမ္မတက ကြေညာထားပြီးဖြစ်သော်လည်း ချင်းပြည်နယ် တွန်းဇံမြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး၊ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ချို့နှင့်စစ်ကိုင်းတိုင်း တမူးမြိူ့နယ်ခမ်းပါတ်မြို့ အမှတ်(၁)(၃)ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊နန်းကတိတ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက သမ္မတ၏အမိန့်ထုတ်ပြန်ချက်ကို မနာခံမလိုက်နာကြသည်ကို သတင်းပေးပို့ချက်အရ သိရှိရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သမ္မတ၏အမိန့်ကို အာခံသော မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား အောက်တိုဘာ ၅ရက်(မနက်ဖြန်)မှစ၍ အုပ်ချုပ်ရေးမှူးရာထူးအား မစွန့်လွတ်ပါက စစ်အာဏာရှင်အဖွဲ့နှင့်ပူးပေါင်းသူအဖြစ်မှတ်ယူကာ CDF တွန်းဇံတပ်ဖွဲ့နှင့်စစ်ကိုင်းတိုင်း ကလေး PDF မြောက်ပိုင်းအဖွဲ့ မဟာမိတ်တပ်ပေါင်းစုတို့၏ အရေးယူအပြစ်ပေးခြင်းကို ခံရမည်ဖြစ်ကြောင်း သတိ ပေးထားသည်။

ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အုပ်ချုပ်ရေးမှူးများ ရာထူးမှ နုတ်ထွက်ကြရန် သတိပေးထားသည်။ အုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်နေကြသကဲ့သို့ နုတ်ထွက်ခြင်းမရှိသည့် စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးမှူးများကိုလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သုတ်သင်ရှင်းလင်းလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားပေမယ့် စစ်ရှောင်နေသူအများစု မြို့ကို မပြန်သေးကြောင်း တွန်းဇံဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ် တွန်းဇံမြို့ကို စစ်တပ်နဲ့ စစ်တပ် လက်အောက်ခံ ဇိုမီးတပ် ZRA ပူးပေါင်းအဖွဲ့က မေလ ၁၉ရက်မှာ ပြန်ထိန်းချုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။