Connect with us

Hi, what are you looking for?

သတင်း

တွန်းဇံမြို့ မတည်ငြိမ်သေးလို့ မြို့ခံစစ်ရှောင်အများစု မပြန်သေး

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားပေမယ့် စစ်ရှောင်နေသူအများစု မြို့ကို မပြန်သေးကြောင်း တွန်းဇံဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

(၂၀၂၄ မေလအတွင်းက တိုက်ပွဲပြင်းထန်ခဲ့တဲ့ တွန်းဇံမြို့။ ဓာတ်ပုံ - တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

မေ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားပေမယ့် စစ်ရှောင်နေသူအများစု မြို့ကို မပြန်သေးကြောင်း တွန်းဇံဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်ဟာ မေလ ၁၉ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

” ဒေသတွင်း အခြေအနေက ရှုပ်ထွေးနေတုန်းပါ။စကစကတော့ မြို့ထဲ ဝင်ထိုင်တာ ဟုတ်တယ်။ တိုက်ပွဲဖြစ်တာရှိတယ်။ ၂၆၉ တပ်ကနေ စစ်ကြောင်းထိုးပြီး ၃ရက်မှ တွန်းဇံမြို့ထဲ ပြန်ဝင်နိုင်တာ ဟုတ်တယ်။ အခြေအနေကတော့ ပြည်သူတွေ စစ်ဘေးရှောင်အများစုက မပြန်ကြသေးဘူး။မြို့ထဲမှာတော့ ကျနော်တို့ တော်လှန်ရေးဘက်က တိုက်ပွဲဖော်တာ မလုပ်တော့ ပြည်သူ အနည်းအကျဉ်း ကျန်တာရှိတယ်။ အရင်ကတည်းက ရှောင်နေတဲ့သူတွေလ်း ရှိပါတယ်။ နီးစပ်ရာ ရှောင်ကြတာ။ ပြည်တွင်းနဲ့ နယ်စပ်ပေါ့။” လို့ တွန်းဇံဒေသခံ သတင်းရင်းမြစ်က ဒေသတွင်း စစ်ရေးအခြေအနေနဲ့ ပြည်သူတွေ စစ်ရှောင်နေရမှု အခြေအနေတွေကို ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ချင်းတော်လှန်ရေးတပ်တွေဟာ ၂၀၂၄ မေလမှာ တွန်းဇံကို သိမ်းပိုက်နိုင်ခဲ့ရာ ၂နှစ်အကြာမှာ မြို့ကို ပြန်လည်လက်လွှတ်လိုက်ရတာလည်းဖြစ်ပါတယ်။ ချင်းပြည်နယ် တွန်းဇံမြို့ကို စစ်တပ်နဲ့ စစ်တပ် လက်အောက်ခံ ဇိုမီးတပ် ZRA ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒေသခံသတင်းရင်းမြစ်တွေရဲ့ ခန့်မှန်းချက်အရ အာဏာသိမ်းစစ်တပ်ဟာ မြန်မာ-အိမ်န္ဒိယ နယ်စပ်မြို့ ရိဒ်ခေါ်ဒါရ်ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ရေး ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

စစ်တပိဟာ ဧပြီလကုန်မှာ ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် တီးတိန်မြို့ကို စစ်အင်အားဖြည့်တင်းတာ၊ တွန်းဇံမြို့ကို ထိုးစစ်ဆင်တာ၊ ဖလမ်း-ဟားခါးလမ်း ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းတာတွေ လုပ်ဆောင်ခဲ့လို့ တီးတိန်နဲ့ တွန်းဇံကြား၊ ဖလမ်းနဲ့ ဟားခါးမြို့ကြား နေရာတွေမှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။