Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်ယန်တိုက်ပွဲတစ်လပြည့်တွင် မလိယန်တပ်စခန်း KIA သိမ်းပိုက်

မလိယန်ဒေသတိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းရာ အဆက်အသွယ်မရသေးပေ။

(ရှေ့တန်းတစ်နေရာ၌ တွေ့ရသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ တပ်သားတစ်ဦး။ ဓာတ်ပုံ - PS)
(ရှေ့တန်းတစ်နေရာ၌ တွေ့ရသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ တပ်သားတစ်ဦး။ ဓာတ်ပုံ - PS)

▪️စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် တုံ့ပြန်တိုက်ခိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ မလိယန်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက နံနက် ၁၁နာရီခွဲခန့်တွင် လေကြောင်းမှတိုက်ခိုက်လာသည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီမနက် ၁၁နာရီခွဲလောက်မှာ ဖိုက်တာဂျက် နှစ်စီးနဲ့ ဗုံးလာကြဲသွားတယ်။ တံတားဦးက တက်လာတာ”ဟု ၎င်းက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိ၊မရှိ အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

ဇူလိုင် ၃ရက်က နမ်ဆန်ယန်ဒေသသို့ စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ တစ်လတာအတွင်း မြစ်ကြီးနား – ဗန်းမော်လမ်း၊ ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်တို့၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲတစ်လတာအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။

Public Service Announcement
Public Service Announcement

အဆိုပါလမ်းရှိ မလိယန်တပ်စခန်းကို KIAက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“မလိချောင်းရဲ့ အခြားတစ်ဖက် ကမ်းက စခန်းကုန်းမှာ ခွေးတွေ ရှိသေးတယ်။ သိမ်းထားတဲ့ ခွေးစခန်းမှာ အခုဘယ်သူမှ သွားမနေဘူး။ ငါတို့လည်း မနေဘူး” ဟု ၎င်းက ပြောသည်။

မလိယန်စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ် သေဆုံးထိခိုက်အခြေအနေကို အတိအကျမသိရဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မလိယန်ဒေသတိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းရာ အဆက်အသွယ်မရသေးပေ။

ကချင်သတင်းဌာန Kachinwaves ကမူ မလိယန်စခန်းကို KIAက ယမန်နေ့ ဩဂုတ် ၃ရက်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။