Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဝန်ထမ်းများ တာဝန်မှမနှုတ်ထွက်ပါက ထိရောက်စွာအရေးယူမည်ဟု KNU တပ်မဟာ(၅) ထပ်မံသတိပေး

KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများလည်း နေ့စဉ်နီးပါးလုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင်အတွင်း တိုက်ပွဲပေါင်း ၁၈၉ ကြိမ် ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀၉ ဦးသေဆုံးကာ ၈၂ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က အသိပေးထားသည်။

စစ်ကောင်စီဝန်ထမ်းများ တာဝန်မှမနှုတ်ထွက်ပါက ထိရောက်စွာအရေးယူမည်ဟု KNU တပ်မဟာ(၅) ထပ်မံသတိပေး
စစ်ကောင်စီဝန်ထမ်းများ တာဝန်မှမနှုတ်ထွက်ပါက ထိရောက်စွာအရေးယူမည်ဟု KNU တပ်မဟာ(၅) ထပ်မံသတိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅) နယ်မြေအတွင်းရှိ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် အထောက်အကူဖြစ်စေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရာထူးတာဝန်များမှ စွန့်လွှတ်၊ထွက်ခွာ နှုတ်ထွက်ခြင်းမပြုပါက ပို၍ထိရောက်စွာ အရေးယူမည်ဟု KNU တပ်မဟာ(၅)က ယနေ့ (ဩဂုတ် ၈ရက်) ထပ်မံ သတိပေးချက်ထုတ်ပြန်သည်။

တပ်မဟာ(၅)အနေဖြင့် စစ်ကောင်စီဝန်ထမ်းများ နှုတ်ထွက်ရန် ယခုနှစ် ဇန်နဝါရီ ၁ရက်ကလည်း ကြေညာချက် ထုတ်ပြန်သတိပေးထားသည်။ ၎င်းကြေညာချက်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းနှင့် အုပ်ချုပ်ရေးမှူးအချို့ လိုက်နာဆောင်ရွက်မှုရှိခဲ့သော်လည်း အချို့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများက ယနေ့အချိန်ထိ လိုက်နာဆောင်ရွက်မှုမရှိသည့်အပြင် ထုတ်ပြန်ချက်ကို ဆန့်ကျင်ပြီး စစ်ကောင်စီ အကျိုးပြုစေသည့် လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ကို တွေ့မြင်ရကြောင်း ဖော်ပြသည်။

ထို့ကြောင့် စစ်ကောင်စီ ၏ ကျန်ရှိနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ အုပ်ချုပ်ရေးမှူးများအား တပ်မဟာ(၅)၏ ယခင်အမိန့်ထုတ်ပြန်ကြေညာချက်အတိုင်း အတိအလင်း လိုက်နာ ဆောင်ရွက်ရန် နှင့် မလိုက်နာသောသူအား အမိန့်အား ဆန့်ကျင်သူများအဖြစ် သတ်မှတ်ပြီး ယခင်ထက်ပိုပြီး ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ထပ်မံ သတိပေးခဲ့သည်။

မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားသည့် အကြမ်းဖက်စစ်အစိုးရ ဖြစ်သောကြောင့် ကရင်လူထုအပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများက ၎င်းတို့အား တရားဝင်လက်ခံ အသိအမှတ်ပြုခြင်းမရှိသည့်အပြင် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မှုများ၊ လက်နက်စွဲကိုင်တော်လှန်မှုများ လက်ရှိ အချိန်အထိ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း KNU တပ်မဟာ(၅)၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများလည်း နေ့စဉ်နီးပါးလုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင်အတွင်း တိုက်ပွဲပေါင်း ၁၈၉ ကြိမ် ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀၉ ဦးသေဆုံးကာ ၈၂ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။