Connect with us

Hi, what are you looking for?

သတင်း

KNU ဥက္ကဋ္ဌနှင့်အဖွဲ့က ကွန်ဂရက်အပြီး ရက်၁၀၀အတွင်း ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းမည်

(၁၇)ကြိမ်မြောက် KNU ညီလာခံကို ဧပြီ ၂၄ရက်မှ မေလ ၄ရက်အထိ ကျင်းပခဲ့ရာ ဩဂုတ် ၁၁ရက်သည် ကွန်ကရက်အပြီး ရက်ပေါင်း (၁၀၀)ပြည့်သောနေ့ဖြစ်သည်။

KNU ဥက္ကဋ္ဌနှင့်အဖွဲ့က ကွန်ဂရက်အပြီး ရက်၁၀၀အတွင်း ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းမည်
KNU ဥက္ကဋ္ဌနှင့်အဖွဲ့က ကွန်ဂရက်အပြီး ရက်၁၀၀အတွင်း ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းမည်

နိုင်ငံရေးရပ်တည်ချက်နှင့် စစ်ရေးဆိုင်ရာအပါအဝင် အကြောင်းအရာ ၉ခုကို ရှင်းလင်းမည်ဟုအသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် အဖွဲ့ခေါင်းဆောင်များက (၁၇)ကြိမ်မြောက် KNU ကွန်ကရက်အပြီး ရက် ၁၀၀အတွင်းလုပ်ဆောင်ခဲ့သည့် အရာများကို ရှင်းလင်းရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု အသိပေးထုတ်ပြန်သည်။

ဩဂုတ် ၁၀ရက် နေ့လယ် ၁နာရီခွဲတွင် သတင်းစာရှင်းလင်းပွဲစတင်မည်ဟု ဆိုသည်။

ကွန်ကရက်အပြီး ရက်(၁၀၀)အတွင်း လုပ်ဆောင်ခဲ့သော အရာများနှင့်ပတ်သက်၍ လည်းကောင်း၊ အနာဂတ်သက်တမ်း (၄)နှစ်အတွက် ကရင်တစ်မျိုးသားလုံးနှင့် တိုင်းရင်းသာပြည်သူ တစ်ရပ်လုံး၏ ဘဝလုံခြုံမှု အတွက်သော်လည်းကောင်း၊ တန်းတူညီမျှမှု တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး ဒီမိုကရေစီစနစ် အခြေခံသော ကော်သူးလေပြည် ရည်မှန်းချက် အတွက်သော်လည်းကောင်း၊ တိုင်းရင်းသားပြည်သူလူထု အားလုံးအတွက် စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်း ရေးအတွက်သော် လည်းကောင်း၊ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်အားလုံး အဆုံးသတ်ရေးအတွက်သော်လည်းကောင်း ဦးစားပေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ခေါင်းဆောင်များက ရှင်းလင်းတင်ပြမည်ဟု ထုတ်ပြန်သည်။

သတင်းစာရှင်းလင်းပွဲ၌ ပါဝင်မည့် ခေါင်းဆောင်များမှာ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ KNLA စစ်ဦးစီးမှူး ဗိုလ်မှူးချုပ် စောတာမလာသော၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါးနှင့် ပညာရေး၊ ယဉ်ကျေးမှုဌာနဌာနမှူး ပဒိုစောလောအယ်မူး တို့ဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ရှင်းလင်းပြောကြားမည့် အကြောင်းအရာများမှာ (၁၇)ကြိမ်မြောက် ကွန်ဂရက်ဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာရပ်တည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ အဖွဲ့အစည်းတွင်း ပြုပြင်ပြောင်းလဲမှုများဆိုင်ရာ၊ စစ်ရေးဆိုင်ရာ၊ အမျိုးသမီး ခေါင်းဆောင်မှု အခန်းကဏ္ဍ တည်ဆောက်ရေးဆိုင်ရာ၊ ပြည်သူရေးရာဝန်ဆောင်မှု ကဏ္ဍ-ပညာရေးဆိုင်ရာ၊ မဟာမိတ်နှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တို့ဖြစ်ကြောင်း အသိပေးသည်။

(၁၇)ကြိမ်မြောက် KNU ညီလာခံကို ဧပြီ ၂၄ရက်မှ မေလ ၄ရက်အထိ ကျင်းပခဲ့ရာ ဩဂုတ် ၁၁ရက်သည် ကွန်ကရက်အပြီး ရက်ပေါင်း (၁၀၀)ပြည့်သောနေ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်မှ မတရားဖမ်းဆီးပြီး ပြည်သူ့စစ်မှုထမ်းခိုင်းစေခံရသည့် တပ်သားသစ် သုံးဦး လက်နက်များနှင့်အတူ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၁၆ရက်) ညပိုင်း၌ သတင်းထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်းအတွင်း ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူး၊ ညောင်လေးပင် မြို့နယ်များအတွင်းရှိ စစ်ကောင်စီ၏ ဂိတ်စခန်းများနှင့် ကာကင်းစခန်းများကို ဖေဖော်ဝါရီ ၁၅ရက်ညပိုင်းက တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းပြန်ကြားရေးဌာနတို့က ယနေ့(ဖေဖော်ဝါရီ ၁၆ရက်) အသိပေးထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင် အတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေငခံပြည်သူ ၃ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။