Connect with us

Hi, what are you looking for?

သတင်း

KNU ဥက္ကဋ္ဌနှင့်အဖွဲ့က ကွန်ဂရက်အပြီး ရက်၁၀၀အတွင်း ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းမည်

(၁၇)ကြိမ်မြောက် KNU ညီလာခံကို ဧပြီ ၂၄ရက်မှ မေလ ၄ရက်အထိ ကျင်းပခဲ့ရာ ဩဂုတ် ၁၁ရက်သည် ကွန်ကရက်အပြီး ရက်ပေါင်း (၁၀၀)ပြည့်သောနေ့ဖြစ်သည်။

KNU ဥက္ကဋ္ဌနှင့်အဖွဲ့က ကွန်ဂရက်အပြီး ရက်၁၀၀အတွင်း ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းမည်
KNU ဥက္ကဋ္ဌနှင့်အဖွဲ့က ကွန်ဂရက်အပြီး ရက်၁၀၀အတွင်း ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းမည်

နိုင်ငံရေးရပ်တည်ချက်နှင့် စစ်ရေးဆိုင်ရာအပါအဝင် အကြောင်းအရာ ၉ခုကို ရှင်းလင်းမည်ဟုအသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် အဖွဲ့ခေါင်းဆောင်များက (၁၇)ကြိမ်မြောက် KNU ကွန်ကရက်အပြီး ရက် ၁၀၀အတွင်းလုပ်ဆောင်ခဲ့သည့် အရာများကို ရှင်းလင်းရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု အသိပေးထုတ်ပြန်သည်။

ဩဂုတ် ၁၀ရက် နေ့လယ် ၁နာရီခွဲတွင် သတင်းစာရှင်းလင်းပွဲစတင်မည်ဟု ဆိုသည်။

ကွန်ကရက်အပြီး ရက်(၁၀၀)အတွင်း လုပ်ဆောင်ခဲ့သော အရာများနှင့်ပတ်သက်၍ လည်းကောင်း၊ အနာဂတ်သက်တမ်း (၄)နှစ်အတွက် ကရင်တစ်မျိုးသားလုံးနှင့် တိုင်းရင်းသာပြည်သူ တစ်ရပ်လုံး၏ ဘဝလုံခြုံမှု အတွက်သော်လည်းကောင်း၊ တန်းတူညီမျှမှု တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး ဒီမိုကရေစီစနစ် အခြေခံသော ကော်သူးလေပြည် ရည်မှန်းချက် အတွက်သော်လည်းကောင်း၊ တိုင်းရင်းသားပြည်သူလူထု အားလုံးအတွက် စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်း ရေးအတွက်သော် လည်းကောင်း၊ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်အားလုံး အဆုံးသတ်ရေးအတွက်သော်လည်းကောင်း ဦးစားပေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ခေါင်းဆောင်များက ရှင်းလင်းတင်ပြမည်ဟု ထုတ်ပြန်သည်။

သတင်းစာရှင်းလင်းပွဲ၌ ပါဝင်မည့် ခေါင်းဆောင်များမှာ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ KNLA စစ်ဦးစီးမှူး ဗိုလ်မှူးချုပ် စောတာမလာသော၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါးနှင့် ပညာရေး၊ ယဉ်ကျေးမှုဌာနဌာနမှူး ပဒိုစောလောအယ်မူး တို့ဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ရှင်းလင်းပြောကြားမည့် အကြောင်းအရာများမှာ (၁၇)ကြိမ်မြောက် ကွန်ဂရက်ဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာရပ်တည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ အဖွဲ့အစည်းတွင်း ပြုပြင်ပြောင်းလဲမှုများဆိုင်ရာ၊ စစ်ရေးဆိုင်ရာ၊ အမျိုးသမီး ခေါင်းဆောင်မှု အခန်းကဏ္ဍ တည်ဆောက်ရေးဆိုင်ရာ၊ ပြည်သူရေးရာဝန်ဆောင်မှု ကဏ္ဍ-ပညာရေးဆိုင်ရာ၊ မဟာမိတ်နှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တို့ဖြစ်ကြောင်း အသိပေးသည်။

(၁၇)ကြိမ်မြောက် KNU ညီလာခံကို ဧပြီ ၂၄ရက်မှ မေလ ၄ရက်အထိ ကျင်းပခဲ့ရာ ဩဂုတ် ၁၁ရက်သည် ကွန်ကရက်အပြီး ရက်ပေါင်း (၁၀၀)ပြည့်သောနေ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook