Connect with us

Hi, what are you looking for?

News

မိုင်းရှာဖွေသည့် စစ်​ကောင်စီယာဉ်တန်းအား က​လေး PDFတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ကိုးဦးသေ

ယင်းပစ်ခတ်တိုက်ခိုက်မှုတွင် မိမိတို့ တပ်ဖွဲ့၀င်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု က​လေး PDFက ဆိုသည်။

စစ်ကိုင်းတိုင် ကလေးမြို့တွင် မိုင်းရှာဖွေသည့် စစ်ကား ၁၀စီးခန့်ပါဝင်သည့် ယာဉ်တန်းအား ကလေးမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ယနေ့(အောက်တိုဘာ ၅ရက်) အဆိုပါPDFက ထုတ်ပြန်သည်။

အောက်တိုဘာ ၄ရက်တွင် စစ်ကောင်စီတပ်သားများ သည် ကလေးမြို့မှ တောင်ပိုင်းဘက်သို့ ဦးတည်မောင်းနှင်ပြီး ပန်းမွန်ချောင်း တံတားအကျော်တွင် ခေတ္တရပ်တန့်ကာ မိုင်းရှာဖွေရှင်းလင်းစဥ် က​လေးPDF က မိုင်းဖောက် ခွဲ​ပြီး လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ထုတ်ပြန်သည်။

ယင်းပစ်ခတ်တိုက်ခိုက်မှုတွင် မိမိတို့ တပ်ဖွဲ့၀င်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု က​လေး PDFက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်ကလည်း စစ်ကားခြောက်စီးဖြင့် မောင်းနှင်လာသည့် စစ်ကောင်စီတပ်ဖွဲ့များကို PDFက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထား‌သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook