Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရိက္ခာသည်ယာဥ်ကို KIA ပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်

Indaw Revolutin ၏ ဖော်ပြချက်တွင် လက်နက်ပစ္စည်းများနှင့် ပိုက်ဆံများသယ်လာသည့် စစ်ကောင်စီတပ်အား KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် အသေအပျောက်များသည်ဟု ပါရှိသည်။

(၂၀၂၂ ဇန်နဝါရီက အင်းတော်လမ်းပိုင်း၌ KIA/PDF ပူးပေါင်းအဖွဲ့က လမ်းပိုင်းစစ်ဆေးပြီး စစ်တပ်ထုတ်ကုန်ဘီယာများအား တွေ့ရှိ၍ ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - IR)
(၂၀၂၂ ဇန်နဝါရီက အင်းတော်လမ်းပိုင်း၌ KIA/PDF ပူးပေါင်းအဖွဲ့က လမ်းပိုင်းစစ်ဆေးပြီး စစ်တပ်ထုတ်ကုန်ဘီယာများအား တွေ့ရှိ၍ ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - IR)

▪️ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိဟု ဒေသခံ PDFပြော

စစ်ကိုင်းတိုင်း အင်းတော်မြို့နှင့် ကသာမြို့ကြားတွင် စစ်ကောင်စီ၏ ရိက္ခာသည်ယာဉ် နှစ်စီးကို ယနေ့နံနက်တွင် တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးမှုရှိခဲ့သည်ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်က ပြောသည်။

“သူတို့က အင်းတော်ကနေ ကသာမှာ ရိက္ခာသွားသယ်တာ။ သွားသယ်ပြီးတော့ညတွင်းချင်းပဲ သူတို့ ပြန်ခဲ့တာ။ ပြန်ခဲ့တော့ အင်းတော်နဲ့ ကသာကြားမှာ KIA/PDF အဖွဲ့နဲ့အေဘီတပ်(ABSDF) ကကြားဖြတ် တိုက်ခိုက်တာပေါ့။ဒီနေ့(ဩဂုတ် ၁၄ရက်)မနက် ၁နာရီလောက်ပေါ့”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ သေဆုံးထိခိုက် အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

“KIA ဘက်က နယ်မြေရှင်းလင်းနေတယ်။ အလောင်းတွေကို လမ်းဘေးမှာ မြှုပ်ထားတယ်လို့ ကြားရတယ်။ သူတို့ ကား ၁စီး ပျက်သွားတာပေါ့။ (၁၂)ဘီးကား နှစ်စီးနဲ့သွားတာ။ (၁၂)ဘီးကား တစ်စီးက ပျက်လို့အင်းတော်ရဲစခန်းထဲကို ဆွဲသွားတယ်။နောက်တစ်စီးက လက်နက်ပစ္စည်းနဲ့ ဒဏ်ရာရတဲ့သူတွေ အဲဒါ အင်းတော် ရိက္ခာစစ်တပ်ကုန်းထဲဝင်သွားတယ်။ အဲဒီမှာ ဒဏ်ရာရတဲ့အထဲက နှစ်ယောက်ထပ်သေတယ်။ သေတဲ့ အရည်အတွက်တွေက မသိသေးဘူး။ အလောင်းတွေက ပါမလာဘူးလို့လည်း ကြားတယ်။ ပါမလာဘူးဆိုတော့ လမ်းမှာ ပစ်ထားသွားသလား မသိဘူး နယ်မြေရှင်းလင်းနေတုန်းပဲ”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

Indaw Revolutin ၏ ဖော်ပြချက်တွင် လက်နက်ပစ္စည်းများနှင့် ပိုက်ဆံများသယ်လာသည့် စစ်ကောင်စီတပ်အား KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် အသေအပျောက်များသည်ဟု ပါရှိသည်။

အင်းတော် တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်နှင့် တပ်မ(၇၇)လက်အောက်ခံ တပ် စုစုပေါင်း အင်အား ၁၄၀ခန့်က အင်းတော်မှ ကသာမြို့နယ်သို့ လက်နက်ပစ္စည်းများနှင့် လခများပေးရန် ပိုက်ဆံသွားထုတ်စဉ် အင်းတော်သို့အပြန် မိုင်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။