Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့နယ်တွင် စစ်ကောင်စီတပ်အား KIA၊PDF ပူးပေါင်းတပ် တိုက်ခိုက်

အင်းတော်မြို့ဘက်မှ ဝင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကသာမြို့နယ် ပင်းမလွတ်ကျေးရွာအနီး လမ်းဆုံတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

(KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ကသာမြို့တွင် ယနေ့(ဩဂုတ် ၁၃ရက်) နံနက် ၆နာရီခန့်က စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDFပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အင်းတော်မြို့ဘက်မှ ဝင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကသာမြို့နယ် ပင်းမလွတ်ကျေးရွာအနီး လမ်းဆုံတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ကြောင်းတွင် အင်အား ၅၀ခန့်ပါဝင်ပြီး တိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေကို မသိရှိရသေးကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

” သူတို့ (စစ်ကောင်စီ) တစ်ခုခုလိုအပ်လို့ ကသာကို တက်လာယူတာလို့ သိထားတယ်။ တိုက်ပွဲကတော့ အခုငြိမ်နေတယ်”ဟု ယနေ့ နံနက် ၉နာရီခန့်ကအခြေအနေကို ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ကသာမြို့နယ်အတွင်း လတ်တလောတွင် အဆိုပါ စစ်ကြောင်းအပြင် ချောင်းဝကျေးရွာ၌ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းလည်း ရှိနေသည်။ ပြီးခဲ့သည့် ပြီး ဩဂုတ်ပထမပတ်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်း သေဆုံးခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ကျောက်ထုံးကြီးရွာအပါအဝင် ကျေးရွာအချို့ကို ရွာစဉ်အလိုက် စစ်ကြောင်းထိုးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

Facebook