Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့ထွေအုပ်ရုံးအစည်းအဝေးလုပ်နေချိန် ဒရုန်းဖြင့်တိုက်ခိုက်ရာ နှစ်ဦးသေ၊ ၉ဦး ဒဏ်ရာရဟု မြို့လှ K-PDF အသိပေး

စက်တင်ဘာ ၆ရက်က ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အစည်းအဝေးပြုလုပ်နေချိန်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရွှေကူမြို့ထွေအုပ်ရုံးအစည်းအဝေးလုပ်နေချိန် ဒရုန်းဖြင့်တိုက်ခိုက်ရာ နှစ်ဦးသေ၊ ၉ဦး ဒဏ်ရာရဟု မြို့လှ K-PDF အသိပေး
မြို့လှ K-PDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မြို့လှ K-PDF

မောင်မောင်/People’s Spring

ကချင်ပြည်နယ် ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ​၏ ထောက်တိုင် ပြည်ထဲရေးဝန်ထမ်း နှစ်ဦး သေဆုံးကာ ၉ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း မြို့လှ ကချင်ဒေသ-ပြည်သူ့ကာကွယ်ရေးတပ်(K-PDF)က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

စက်တင်ဘာ ၆ရက်က ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အစည်းအဝေးပြုလုပ်နေချိန်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မြို့တွင်း ပြည်သူများ၏ မျက်မြင်တွေ့ ရှိမှုအရ လူနာများအား ဆေးရုံးသို့ သယ်ဆောင်သွား ကြောင်းသိရှိ ရပါသည်”ဟု မြို့လှ K-PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် တစ်ကြိမ်၊ ၁၁နာရီခွဲခန့်တွင် တစ်ကြိမ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ တစ်ကြိမ်လျင် ဗုံးသီး လေးလုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ​၏ဝန်ထမ်းနှင့် လုံခြုံရေးများ သေဆုံးထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့လှ K-PDFက အသိပေးသည်။

အထိနာသည့် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး မြို့တွင်း၌လည်း ပိတ်ဆို့စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ကရင်ပြည်နယ် မြ၀တီမြို့တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက မြို့လယ်ရှိ ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး၊ ယာယီတပ်ရင်းမှူးအပါအဝင် ၅ဦးထက်မနည်းသေဆုံးကာ ၁၀ဦး ကျော် ဒဏ်ရာရခဲ့သည်။

ယခု ရွှေကူမြို့ထွေအုပ်ရုံးကိုတိုက်ခိုက်ခဲ့သည့် မြို့လှ K-PDF အနေဖြင့် စက်တင်ဘာ ၁ရက်ကလည်း ရွှေကူမြို့နယ် ကျောက်ကြီးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရဲစခန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီးဒဏ်ရာရသူများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ