Connect with us

Hi, what are you looking for?

သတင်း

ကသာတွင် စစ်တပ်ထုတ်ကုန်များသယ်ဆောင်လာသည့် ကုန်တင်ယာဥ်တစ်စီး စစ်ဆေးတွေ့ရှိ၍ ကုန်ပစ္စည်းများသိမ်းဆည်း

ဒေသတွင်း၌ စစ်တပ်ထုတ်ကုန်များ မသုံးစွဲရေး၊ မသယ်ဆောင်ရေးတို့ကို ပညာပေးစည်းရုံးနေသော်လည်း တခြားဒေသမှရောက်လာသော ကုန်တင်ယာဥ်များသည် လိုက်နာမှုအားနည်းသည့်အခြေအနေများကို ရံဖန်ရံခါ တွေ့ရှိ‌နေရသေးသည်ဟု ဆိုသည်။

(စစ်တပ်ထုတ်ကုန်များသယ်ဆောင်လာသည့် ကုန်တင်ယာဥ်တစ်စီး စစ်ဆေးတွေ့ရှိ၍ ကုန်ပစ္စည်းများသိမ်းဆည်းယူနေစဥ်)
(စစ်တပ်ထုတ်ကုန်များသယ်ဆောင်လာသည့် ကုန်တင်ယာဥ်တစ်စီး စစ်ဆေးတွေ့ရှိ၍ ကုန်ပစ္စည်းများသိမ်းဆည်းယူနေစဥ်)

စစ်ကိုင်းတိုင်း ကသာမြို့တွင် စစ်တပ်ထုတ်ကုန်များသယ်ဆောင်လာသည့် ကုန်တင်ယာဥ်တစ်စီးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းကုန်ပစ္စည်းများကို သိမ်းယူခဲ့သည်။

အဆိုပါယာဥ်ကို ပအဖနှင့် ပကဖတို့က စစ်ဆေးရေးဂိတ်တွင် ယမန်နေ့(အောက်တိုဘာ ၁ရက်)က တားဆီးစစ်ဆေးစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်တပ်ထုတ်ကုန်များကို သိမ်းယူခဲ့ပြီး ယာဉ်မောင်းကို ခံဝန်ထိုးခိုင်းကာ ယာဥ်နှင့်အတူ ပြန်လွှတ်ပေးလိုက်ကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ဒေသတွင်း၌ စစ်တပ်ထုတ်ကုန်များ မသုံးစွဲရေး၊ မသယ်ဆောင်ရေးတို့ကို ပညာပေးစည်းရုံးနေသော်လည်း တခြားဒေသမှရောက်လာသော ကုန်တင်ယာဥ်များသည် လိုက်နာမှုအားနည်းသည့်အခြေအနေများကို ရံဖန်ရံခါ တွေ့ရှိ‌နေရသေးသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ်မြေများ၌ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ဆေးရေးလုပ်ဆောင်နေစဉ် စစ်တပ်ထုတ်ကုန်များ၊ စကောင်စီတပ်ဖွဲ့ဝင်များနှင့် Non CDM ဌာနဆိုင်ရာဝန်ထမ်းများ ဖမ်းမိမှုများရှိနေသည်။

ပြီးခဲ့သည့် သြဂုတ် ၉ရက်က ထီးချိုင့်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စစ်ဆေးရေးဂိတ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(ဒကစမှူး)ဗိုလ်မှူးချုပ်မြတ်မင်းမိုးဆိုသူ၏ တပ်ပြောင်းပစ္စည်းများကို ဖမ်းမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။