Connect with us

Hi, what are you looking for?

သတင်း

ပဲခူးမြို့ မြို့ရှောင်လမ်းရှိ ထောက်ပို့တပ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ယနေ့ နံနက်တွင် ပဲခူးမြို့အတွင်း စစ်ကားများ လှည့်လည်စစ်ဆေးမှု ပြုလုပ်နေပြီး ပဲခူးမြို့အဝင် တိုးဂိတ်၊ ဥဿာမြို့သစ်နှင့် မြို့ရှောင်လမ်းတို့တွင်လည်း ဖြတ်သန်းသွားလာသည့် ယာဥ်များကို စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

(ပဲခူးမြို့ရှိ မြို့ရှောင်လမ်းမကြီး/ပုံအဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)
(ပဲခူးမြို့ရှိ မြို့ရှောင်လမ်းမကြီး/ပုံအဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)

▪︎စစ်ကောင်စီဝင် (၁)ဦးသေ၊ (၂)ဦး ဒဏ်ရာပြင်းထန်ရရှိ

ပဲခူးမြို့ မြို့ရှောင်လမ်းမရှိ အကြမ်းဖက်စစ်ကောင်စီ၏ ပင်မထောက်ပံ့ပို့ဆောင်ရေးတပ်ကို ယမန်နေ့ညပိုင်းက ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်​ကောင်စီတပ်မှ ၃ ဦးသုံးဒဏ်ရာရပြီး ​ဆေးရုံတွင် ​သေဆုံးသွားသည်ဟု ​ဒေသခံအချို့က​ပြောသည်။

ယမန်နေ့(​အောက်တိုဘာ ၃) ည ၈ နာရီခန့်တွင် ပဲခူးမြို့နယ်ပကဖ က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပင်မထောက်ပံ့ပို့ဆောင်ရေးတပ်ကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဂိတ်ပေါက်ဘန်ကာကိုလည်း မိုင်းခွဲ၍ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် တစ်ဦးသေဆုံး၍ (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲကလည်းယ​နေ့ထုတ်ပြန်သည်။

“ညက မြို့ရှောင်လမ်းဘက်က ထောက်ပို့တပ်ကို PDF တွေ ဗုံးနဲ့ လာပစ်သွားတာပါ။ စစ်သား ၃ ယောက်လောက်ထိပြီး ဖြစ်ဖြစ်ချင်း ရန်ကုန်ဆေးရုံကို တန်းပို့တယ်လို့ သိရတယ်။ ဒီမနက် ဆေးရုံမှာ တစ်ယောက် သေသွားတယ် ကြားပါတယ်။ နောက်နှစ်ယောက်လည်း အခြေအနေမကောင်းဘူး လို့တော့ သိရတယ်” ဟု ပဲခူးမြို့ခံပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်​ရေးကို ပဲခူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF) နှင့် Daik-U Defence Force(DDF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း BPDF အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်တွင် ပဲခူးမြို့အတွင်း စစ်ကားများ လှည့်လည်စစ်ဆေးမှု ပြုလုပ်နေပြီး ပဲခူးမြို့အဝင် တိုးဂိတ်၊ ဥဿာမြို့သစ်နှင့် မြို့ရှောင်လမ်းတို့တွင်လည်း ဖြတ်သန်းသွားလာသည့် ယာဥ်များကို စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆီသို့လှမ်းချီ ‘Road to Tenasserim’ ကမ်ပိန်းက အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်းကျော် ထောက်ပို့ကူညီခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊မုန်းမြို့နယ်(မူးမြို့နယ်)မှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပဲခူးမြို့၊ဟံသာဝတီမြို့ရိုးတူးဖော်ရေးမှာ ရှေ့ဟောင်းဇုန်နဲ့မလွတ်ကင်းတဲ့ နေအိမ်အဆောက် အအုံတွေ ဖယ်ရှားရှင်းလင်းမယ့်ကိစ္စကို စစ်ကောင်စီက နှုတ်မိန့်နဲ့ သီတင်းကျွတ်အထိ ရွှေ့ ဆိုင်းပေးထားတယ်လို့ အဲဒီမြို့ခံပြည်သူတွေက ပြောပါတယ်။