Connect with us

Hi, what are you looking for?

သတင်း

ပဲခူးမြို့ရေဘေး လူဦးရေ ၃,၀၀ဝကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ဒေသအများစု မိုးဆက်ကောင်းနိုင်သောကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေး ဆက်လက်သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတိ‌ပေးထားသည်။

(ပဲခူးမြို့ရှိ ရပ်ကွက်အချို့၌ ရေကြီးမှုမြင်ကွင်းများ။ ဓာတ်ပုံ - CJ)
(ပဲခူးမြို့ရှိ ရပ်ကွက်အချို့၌ ရေကြီးမှုမြင်ကွင်းများ။ ဓာတ်ပုံ - CJ)

ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာနေပြီး ပဲခူးမြစ်ရေလည်း စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာသောကြောင့် ဒေသခံများရေဘေးကြုံတွေ့နေပြီး လူဦးရေ သုံးထောင်ကျော် အရေးပေါ်ပြောင်းရွှေ့ထားရသည်။

ပဲခူးမြို့တွင် ယနေ့ (သြဂုတ် ၁၀ရက်) နံနက်မှစတင်ကာ မြစ်ရေတက်၍ ရပ်ကွက်အချို့ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်ဟု ဒေသခံပြည်သူများနှင့် လူမှုကူညီရေးအသင်းများက ဆိုသည်။

(ပဲခူးမြို့ရှိ ရပ်ကွက်အချို့၌ ရေကြီးမှုမြင်ကွင်းများ။ ဓာတ်ပုံ - CJ)
(ပဲခူးမြို့ရှိ ရပ်ကွက်အချို့၌ ရေကြီးမှုမြင်ကွင်းများ။ ဓာတ်ပုံ – CJ)

“ညထဲက မြစ်ရေက ထပ်တက်လာလို့ အနိမ့်ပိုင်းရက်ကွက်က ပြည်သူတွေ အိမ်မှာနေလို့ မဖြစ်တော့လို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေရတာပါ။ ဒီနေ့လည်း မိုးကမတိတ်တော့ မိသားစု အများစု ထပ်ပြောင်းနေရပါတယ်။ ယာယီကယ်ဆယ်ရေးစခန်းတွေကို ပြောင်းပေးထားပါတယ်။ အခုတောင် ကယ်ဆယ်ရေးစခန်းတွေမှာ လူဦးရေ ၃,၀၀၀ကျော် ရှိနေပြီလို့ သိရပါတယ်။ ရေထပ်တက်လာရင် ထပ်တိုးလာမယ့် အခြေအနေရှိပါတယ်”ဟု လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရေဘေးကယ်ဆယ်ရေးစခန်းများကို ဇိုင်း/တောင်ရပ်ကွက် ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ ကျွန်းသာယာရပ်ကွက် မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပုဏ္ဏားစုရပ်ကွက် အောင်ဇေယျုံတပြားဘုရားဓမ္မာရုံ၊ ကျောက်ကြီးစုရပ်ကွက် အထက(ခွဲ)(၁)၊ မြို့သစ်ရပ်ကွက် ဆုတောင်းပြည့်ဘုန်းကြီးကျောင်း၊ ဥဿာ(၇)ရပ်ကွက် ပညာမွန်ကျောင်း၊ ဒက္ခိဏသာခါကျောင်းနှင့် ကလျာဏီရပ်ကွက် ကလျာဏီသိမ်တို့၌ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

(ပဲခူးမြို့ရှိ ရပ်ကွက်အချို့၌ ရေကြီးမှုမြင်ကွင်းများ။ ဓာတ်ပုံ - CJ)
(ပဲခူးမြို့ရှိ ရပ်ကွက်အချို့၌ ရေကြီးမှုမြင်ကွင်းများ။ ဓာတ်ပုံ – CJ)

ပဲခူးမြစ်ရေသည် ယနေ့တွင် ပဲခူးမြို့၏ စိုးရိမ်ရေ အမှတ်အထက် နှစ်ပေခန့် မြင့်တက်နေသည်ဟု စစ်ကောင်စီလက်အောက်ခံမိုးဇလက ထုတ်ပြန်ထားသည်။လက်ရှိတွင် ရန်ကုန် – မန္တလေးကားလမ်း၊ ပဲခူးမြို့လမ်းပိုင်းတွင် နှစ်ပေခန့်မြင့်တက်နေပြီး မြေအနိမ့်ပိုင်း ရပ်ကွက်အချို့၌ ငါးပေကျော်အထိ နစ်မြှုပ်နေသည်ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

“ရေက နှစ်ပေ နီးပါးလောက်ရှိလို့ ကားတွေ၊ ဆိုင်ကယ်တွေဖြတ်ဖို့တော့ ခက်နေပြီ။ မိုးကလည်း အခုထိ မတိတ်တော့ မြစ်ရေက ပိုပိုတိုးလာနေတယ်။ အနိမ့်ပိုင်းရက်ကွက်တွေဆို အိမ်အောက်ထပ်တစ်ခုလုံး ရေတွေကြီးပဲ ဖြစ်နေပြီ။ မနက်ဖြန်အထိ မိုးမတိတ်ပဲ ဆက်ရွာနေရင်တော့ ပိုဆိုးလာနိုင်တယ်”ဟု ၎င်းက ပြောသည်။

(ပဲခူးမြို့ရှိ ရပ်ကွက်အချို့၌ ရေကြီးမှုမြင်ကွင်းများ။ ဓာတ်ပုံ - CJ)
(ပဲခူးမြို့ရှိ ရပ်ကွက်အချို့၌ ရေကြီးမှုမြင်ကွင်းများ။ ဓာတ်ပုံ – CJ)

လတ်တလောတွင် ပဲခူးမြို့အပြင် ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ မွန်ပြည်နယ် မြို့နယ်အချို့၌ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေသည်။ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ယခုရက်ပိုင်း နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

ဒေသအများစု မိုးဆက်ကောင်းနိုင်သောကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေး ဆက်လက်သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတိ‌ပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်