Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူ-မြိုင်လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

(စစ်ကောင်စီဂိတ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-Cobra One)

ဇန်နဝါရီ ၂၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီကျော်က ပခုက္ကူမြို့နယ်၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က အင် ပင် ကျေးရွာတောင်ဘက်မှာ အထိုင်ချတပ်စွဲထားပြီး ဂိတ်ဖွင့်စစ်ဆေးနေတဲ့ စစ်ကောင်စီဂိတ်ကို အောင်မြေပြောက်ကျားတပ်ဖွဲ့နဲ့ ပကဖ-လက်နက်ကြီး-COBRAONE Pakokku တပ်ဖွဲ့တို့က ရှော့တိုက်ဒုံး လေးလုံးနဲ့ ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ရှော့တိုက်ဒုံးတွေဟာ ဂိတ်အနီး သုံးလုံးကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုရှိနိုင်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အင်အားငါးဆယ်ကျော်လောက်ရှိတယ်။ ဘန်ကာတွေ၊ ဆက်သွယ်ရေးမြောင်းတွေကလည်းတော်တော်ခိုင်ခိုင်မာမာနဲ့တည်ဆောက်ထားတာ။ပခုက္ကူတပ်မ ၁၀၁ကနေ စစ်ကြောင်းထိုးတာတွေ၊ ရိက္ခာကားတန်းတွေထွက်ချင်ရင် အဲဂိတ်ကိုအင်အားစုနားပြီးမှထွက်တယ်”လို့ COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ည ၈နာရီလောက်မှာတော့ တိုက်ခိုက်ခံရတဲ့ အဲဒီဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ဘေးဝန်းကျင်ရွာတွေကို ၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပခုက္ကူမြို့နယ်က ဝင်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေကြောင့် ကမ္မမြို့နယ်မှာတော့ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။