Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ ထောက်ပံ့ရေးလုပ်ဖို့ လောင်စာဆီလိုရင် ဟားမားစ်တွေဆီက သွားတောင်းလို့ အစ္စရေးစစ်တပ်ပြော

IDFက ဟားမားစ်တွေဟာ ဂါဇာမှာ လောင်စာဆီ စုစုပေါင်း လီတာ ၅ သိန်းလောက် သိုလှောင်ထားဆဲ ဖြစ်တယ်လို့လည်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ ထောက်ပံ့ရေးလုပ်ဖို့ လောင်စာဆီလိုရင် ဟားမားစ်တွေဆီက သွားတောင်းလို့ အစ္စရေးစစ်တပ်ပြော
ဂါဇာမှာ ထောက်ပံ့ရေးလုပ်ဖို့ လောင်စာဆီလိုရင် ဟားမားစ်တွေဆီက သွားတောင်းလို့ အစ္စရေးစစ်တပ်ပြော

ဂါဇာမှာ လူသားချင်း စာနာမှု လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လောင်စာဆီ လိုနေရင် ဟားမားစ်တွေဆီက သွားတောင်းလို့ ကုလသမဂ္ဂကို အစ္စရေး စစ်တပ်က ပြောကြားလိုက်ပါတယ်။

အစ္စရေးရဲ့ ဘက်ပေါင်းစုံ ဝန်းရံ ပိတ်ဆို့မှုကြောင့် ဂါဇာမှာ ဆိုးဆိုးရွားရွား လောင်စာဆီ ပြတ်လပ်မှုတွေ ဖြစ်နေပြီး အောက်တိုဘာ ၂၅ ရက်မှာ ဒေသခံ ဆေးရုံတွေက ကုသရေး ဝန်ဆောင်မှု တချို့ကို မဖြစ်မနေ လျှော့ချရတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း ဂါဇာမှာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပို့ဆောင်နေပေမယ့် လောင်စာဆီ အရမ်းကျပ်တည်းလာခြင်းကြောင့် မဖြစ်မနေ လုပ်ငန်းတွေ ရပ်နားရမယ့် အခြေအနေ ဖြစ်လာကြောင်း ပြောပါတယ်။

ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်များ အေဂျင်စီ (UNRWA)က စက်သုံးဆီ ပြဿနာကြောင့် ဂါဇာမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ဖြန့်ဝေနေတဲ့ လုပ်ငန်းတွေ ရပ်ရဖွယ်ရှိကြောင်း အောက်တိုဘာ ၂၄ ရက်တုန်းက လူမှုကွန်ရက် မီဒီယာပေါ် ရေးသားခဲ့တဲ့နောက် အစ္စရေး ကာကွယ်ရေးတပ် (IDF)က အဲဒီပို့စ်ကို မျှဝေပြီး ‘လောင်စာဆီလိုရင် ဟားမားစ်တွေဆီက နည်းနည်းသွားတောင်းပေါ့”လို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

IDFက ဟားမားစ်တွေဟာ ဂါဇာမှာ လောင်စာဆီ စုစုပေါင်း လီတာ ၅ သိန်းလောက် သိုလှောင်ထားဆဲ ဖြစ်တယ်လို့လည်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်တော့ UNRWAဟာ အီဂျစ်နဲ့ ဂါဇာတို့ ထိစပ်ရာ ရာဖားဂိတ်ကနေ ထောက်ပံ့ရေး ပစ္စည်းတွေ အဓိက ပို့ဆောင်ပေးနေပါတယ်။ ရာဖားဟာ အစ္စရေး ပိုင်နက်နဲ့ ချိတ်ဆက်ထားတာ မဟုတ်ဘဲ ဂါဇာကို ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသော နယ်ခြားကုန်သွယ်ရေး ဂိတ်လည်း ဖြစ်ပါတယ်။

အစ္စရေးကတော့ ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံ အယောက် ၂၀၀ ကျော်ကို ပြန်မလွှတ်ပေးမချင်း အစ္စရေး ပိုင်နက်ထဲကနေ ဂါဇာအတွက် ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ခွင့်ပြုမှာ မဟုတ်ကြောင်း အတိအလင်း သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။