Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဂါဇာမှာ ထောက်ပံ့ရေးလုပ်ဖို့ လောင်စာဆီလိုရင် ဟားမားစ်တွေဆီက သွားတောင်းလို့ အစ္စရေးစစ်တပ်ပြော

IDFက ဟားမားစ်တွေဟာ ဂါဇာမှာ လောင်စာဆီ စုစုပေါင်း လီတာ ၅ သိန်းလောက် သိုလှောင်ထားဆဲ ဖြစ်တယ်လို့လည်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ ထောက်ပံ့ရေးလုပ်ဖို့ လောင်စာဆီလိုရင် ဟားမားစ်တွေဆီက သွားတောင်းလို့ အစ္စရေးစစ်တပ်ပြော
ဂါဇာမှာ ထောက်ပံ့ရေးလုပ်ဖို့ လောင်စာဆီလိုရင် ဟားမားစ်တွေဆီက သွားတောင်းလို့ အစ္စရေးစစ်တပ်ပြော

ဂါဇာမှာ လူသားချင်း စာနာမှု လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လောင်စာဆီ လိုနေရင် ဟားမားစ်တွေဆီက သွားတောင်းလို့ ကုလသမဂ္ဂကို အစ္စရေး စစ်တပ်က ပြောကြားလိုက်ပါတယ်။

အစ္စရေးရဲ့ ဘက်ပေါင်းစုံ ဝန်းရံ ပိတ်ဆို့မှုကြောင့် ဂါဇာမှာ ဆိုးဆိုးရွားရွား လောင်စာဆီ ပြတ်လပ်မှုတွေ ဖြစ်နေပြီး အောက်တိုဘာ ၂၅ ရက်မှာ ဒေသခံ ဆေးရုံတွေက ကုသရေး ဝန်ဆောင်မှု တချို့ကို မဖြစ်မနေ လျှော့ချရတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း ဂါဇာမှာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပို့ဆောင်နေပေမယ့် လောင်စာဆီ အရမ်းကျပ်တည်းလာခြင်းကြောင့် မဖြစ်မနေ လုပ်ငန်းတွေ ရပ်နားရမယ့် အခြေအနေ ဖြစ်လာကြောင်း ပြောပါတယ်။

ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်များ အေဂျင်စီ (UNRWA)က စက်သုံးဆီ ပြဿနာကြောင့် ဂါဇာမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ဖြန့်ဝေနေတဲ့ လုပ်ငန်းတွေ ရပ်ရဖွယ်ရှိကြောင်း အောက်တိုဘာ ၂၄ ရက်တုန်းက လူမှုကွန်ရက် မီဒီယာပေါ် ရေးသားခဲ့တဲ့နောက် အစ္စရေး ကာကွယ်ရေးတပ် (IDF)က အဲဒီပို့စ်ကို မျှဝေပြီး ‘လောင်စာဆီလိုရင် ဟားမားစ်တွေဆီက နည်းနည်းသွားတောင်းပေါ့”လို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

IDFက ဟားမားစ်တွေဟာ ဂါဇာမှာ လောင်စာဆီ စုစုပေါင်း လီတာ ၅ သိန်းလောက် သိုလှောင်ထားဆဲ ဖြစ်တယ်လို့လည်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်တော့ UNRWAဟာ အီဂျစ်နဲ့ ဂါဇာတို့ ထိစပ်ရာ ရာဖားဂိတ်ကနေ ထောက်ပံ့ရေး ပစ္စည်းတွေ အဓိက ပို့ဆောင်ပေးနေပါတယ်။ ရာဖားဟာ အစ္စရေး ပိုင်နက်နဲ့ ချိတ်ဆက်ထားတာ မဟုတ်ဘဲ ဂါဇာကို ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသော နယ်ခြားကုန်သွယ်ရေး ဂိတ်လည်း ဖြစ်ပါတယ်။

အစ္စရေးကတော့ ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံ အယောက် ၂၀၀ ကျော်ကို ပြန်မလွှတ်ပေးမချင်း အစ္စရေး ပိုင်နက်ထဲကနေ ဂါဇာအတွက် ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ခွင့်ပြုမှာ မဟုတ်ကြောင်း အတိအလင်း သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။