Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗုံးသတင်းကြောင့် ခရီးသည်တင် လေယာဉ်တစ်စီး တူရကီမှာ အရေးပေါ် ဆင်းသက်

ဂျာဇီရာ လေကြောင်းလိုင်းက သူတို့ရဲ့ ဌာနချုပ်မှာ လုံခြုံရေးအရ စိုးရိမ်ရတဲ့ သတင်းပေးပို့မှု တစ်ခုကို လက်ခံ ရရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

ဗုံးသတင်းကြောင့် တူရကီ နိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။

တူရကီ မြောက်ပိုင်းက ထရက်ဘ်ဇွန် လေဆိပ်မှာ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက ကူဝိတ်ပိုင် ဂျာဇီယာ လေကြောင်းရဲ့ ခရီးသည်တင် လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့တာပါ။ ဂျာဇီယာ လေကြောင်းလိုင်းရဲ့ ဌာနချုပ်မှာ ဗုံးထောင်ထားတယ်ဆိုတဲ့ သတင်းကြောင့် လေယာဉ်ကိုလည်း ကြိုတင် သတိထားတဲ့ အနေနဲ့ ချက်ချင်း ဆင်းသက်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လေယာဉ်ပေါ်မှာ ဗုံးပါလာတယ်လို့ သတင်းရတာမျိုး မဟုတ်သလို ခရီးသည် ၅၁ ဦးနဲ့ အမှုထမ်း ၆ ဦးစလုံးလည်း အန္တရာယ် ကင်းရှင်းတယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။ ခရီးသည်တွေကို လေဆိပ်မှာ ချက်ချင်း ရွှေ့ပြောင်းပေးပြီး လေယာဉ် တစ်စီးလုံးကို ရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဘယ်လို မသင်္ကာစရာ ပစ္စည်းမှ မရှိခဲ့ပါဘူး။

ထရက်ဘ်ဇွန် ပြည်နယ် အုပ်ချုပ်ရေးမှူး အစ္စမေးလ် အက်စ်တိုဂလူက လေယာဉ်ပေါ်မှာ ဗုံးတွေ့တယ်လို့ သတင်းရခဲ့တာ မဟုတ်ပေမယ့်လည်း နိုင်ငံတကာ လေကြောင်း ပျံသန်းမှု စည်းမျဉ်းတွေနဲ့အညီ အန္တရာယ် အငွေ့အသက်မျိုး ခံစားရတာနဲ့ ခရီးသည်တင် လေယာဉ်ကို အရေးပေါ် ဆင်းသက်စေခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂျာဇီရာ လေကြောင်းလိုင်းက သူတို့ရဲ့ ဌာနချုပ်မှာ လုံခြုံရေးအရ စိုးရိမ်ရတဲ့ သတင်းပေးပို့မှု တစ်ခုကို လက်ခံ ရရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီဖြစ်ရပ် အပြီးမှာ နောက်ထပ် လေယာဉ် ခရီးစဉ်တွေအတွက် လုံခြုံရေး စစ်ဆေးမှုတွေကို ပိုမို မြှင့်တင် ကြပ်မတ်ခဲ့ကြောင်းလည်း လေကြောင်းလိုင်းက ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

ပါးစပ်ကို လက်နဲ့ကွယ်ပြီး စကားပြောဆိုမိလို့ အနီကတ်ပြ ထုတ်ပယ်ခံရတဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် ပါရာဂွေး အသင်းရဲ့ မီဂွယ် အယ်လ်မီရွန်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ လေတပ်ရဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်ရာက မီးလောင်မှုကြောင့် လေတပ်သား ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိုမီနီကန် နိုင်ငံမှာ လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ရင်း မီးလောင်ပေါက်ကွဲရာက လေယာဉ်မှူးနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။