Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဗုံးသတင်းကြောင့် ခရီးသည်တင် လေယာဉ်တစ်စီး တူရကီမှာ အရေးပေါ် ဆင်းသက်

ဂျာဇီရာ လေကြောင်းလိုင်းက သူတို့ရဲ့ ဌာနချုပ်မှာ လုံခြုံရေးအရ စိုးရိမ်ရတဲ့ သတင်းပေးပို့မှု တစ်ခုကို လက်ခံ ရရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

ဗုံးသတင်းကြောင့် တူရကီ နိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။

တူရကီ မြောက်ပိုင်းက ထရက်ဘ်ဇွန် လေဆိပ်မှာ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက ကူဝိတ်ပိုင် ဂျာဇီယာ လေကြောင်းရဲ့ ခရီးသည်တင် လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့တာပါ။ ဂျာဇီယာ လေကြောင်းလိုင်းရဲ့ ဌာနချုပ်မှာ ဗုံးထောင်ထားတယ်ဆိုတဲ့ သတင်းကြောင့် လေယာဉ်ကိုလည်း ကြိုတင် သတိထားတဲ့ အနေနဲ့ ချက်ချင်း ဆင်းသက်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လေယာဉ်ပေါ်မှာ ဗုံးပါလာတယ်လို့ သတင်းရတာမျိုး မဟုတ်သလို ခရီးသည် ၅၁ ဦးနဲ့ အမှုထမ်း ၆ ဦးစလုံးလည်း အန္တရာယ် ကင်းရှင်းတယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။ ခရီးသည်တွေကို လေဆိပ်မှာ ချက်ချင်း ရွှေ့ပြောင်းပေးပြီး လေယာဉ် တစ်စီးလုံးကို ရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဘယ်လို မသင်္ကာစရာ ပစ္စည်းမှ မရှိခဲ့ပါဘူး။

ထရက်ဘ်ဇွန် ပြည်နယ် အုပ်ချုပ်ရေးမှူး အစ္စမေးလ် အက်စ်တိုဂလူက လေယာဉ်ပေါ်မှာ ဗုံးတွေ့တယ်လို့ သတင်းရခဲ့တာ မဟုတ်ပေမယ့်လည်း နိုင်ငံတကာ လေကြောင်း ပျံသန်းမှု စည်းမျဉ်းတွေနဲ့အညီ အန္တရာယ် အငွေ့အသက်မျိုး ခံစားရတာနဲ့ ခရီးသည်တင် လေယာဉ်ကို အရေးပေါ် ဆင်းသက်စေခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂျာဇီရာ လေကြောင်းလိုင်းက သူတို့ရဲ့ ဌာနချုပ်မှာ လုံခြုံရေးအရ စိုးရိမ်ရတဲ့ သတင်းပေးပို့မှု တစ်ခုကို လက်ခံ ရရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီဖြစ်ရပ် အပြီးမှာ နောက်ထပ် လေယာဉ် ခရီးစဉ်တွေအတွက် လုံခြုံရေး စစ်ဆေးမှုတွေကို ပိုမို မြှင့်တင် ကြပ်မတ်ခဲ့ကြောင်းလည်း လေကြောင်းလိုင်းက ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ခရီးစဉ်အမှတ် JU324 အဖြစ် ပျံသန်းတဲ့ လေယာဉ်ဟာ လေယာဉ်ကွင်းကနေ ပျံတက်သွားပြီးတဲ့နောက် လေထဲမှာ အတော်ကြာကြာ လှည့်ပတ် ပျံဝဲပြီးမှ ဘဲလ်ဂရိတ်မြို့မှာရှိတဲ့ Tesla လေဆိပ်ကို ချောချောမောမော ပြန်လည် ဆင်းသက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဒီဟာ ၂၀၂၂ မှာ အစ္စရေး လွှတ်တော်ထဲ ရွေးကောက်ခံရပြီး အဓိက အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ်ရဲ့ အမျိုးသား ညီညွတ်ရေးပါတီ (NUP)မှာ ပါဝင်ခဲ့ပေမယ့် စစ်ပွဲကာလ အစိုးရထဲကို ဝန်ကြီးချုပ် နေတန်ညာဟုက အားကိုးတကြီး ခေါ်ယူခန့်အပ် ခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်း

TNLA တပ်မဟာ(၆)စစ်ဒေသ လားရှိုးမြို့နယ် မိုင်းကျက်စခန်းကို အောက်တိုဘာ ၂၇ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ တစ်လနီးပါးအကြာ နိုဝင်ဘာ၂၃ရက် ညသန်းခေါင်တွင် ဝင်ရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးဌာနက အတည်ပြုသည်။

မေးမြန်းခန်း

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာလည်းဖြစ် ၊ကရင်နီကြားကာလအတိုင်ပင်ခံ​ကောင်စီ (IEC)အတွင်း​ရေးမှူးလည်းဖြစ်တဲ့ ဦးဗညားခွန်း​အောင်ကို လူထုနွေဦး (People's Spring )က ဆက်သွယ်မေးမြန်းထားပါတယ်။