Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါဝါဘန့်ခ် မီးလောင်လို့ အိန္ဒိယ ခရီးသည်တင်လေယာဉ် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရ

အိန္ဒိယ နိုင်ငံက ခရီးသည်တင် လေယာဉ်တစ်စီးပေါ်မှာ ပါဝါဘန့်ခ် မီးလောင်မှုကြောင့် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။

Screenshot

အိန္ဒိယ နိုင်ငံက ခရီးသည်တင် လေယာဉ်တစ်စီးပေါ်မှာ ပါဝါဘန့်ခ် မီးလောင်မှုကြောင့် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့က အိန္ဒိယ ဘတ်ဂျတ်လေကြောင်းလိုင်း IndiGoရဲ့ ခရီးစဉ်အမှတ် 6E 2107 လေယာဉ်ဟာ ဒေလီကနေ ချန်နိုင်းကို ဦးတည် ပျံသန်းနေရင်း လေယာဉ်ပေါ် ပါဝါဘန့်ခ် မီးလောင်မှုနဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

လူပေါင်း ၁၉၁ ဦး လိုက်ပါလာတဲ့ လေယာဉ်ဟာ အဲဒီအခြေအနေကြောင့် လမ်းကြောင်းပြောင်းပြီး ဟိုင်ဒါရာဘတ်မှာ ဆင်းသက်ခဲ့ရပါတယ်။

ခရီးသည်တစ်ဦး ယူဆောင်လာတဲ့ ခရီးဆောင် အိတ်ထဲက ပါဝါဘန့်ခ်က မီးထလောင်ခဲ့တာ ဖြစ်ကြောင်း၊ လေယာဉ် အမှုထမ်းတွေက မီးကို ငြှိမ်းသတ်နိုင်ခဲ့ပေမယ့် လုံခြုံရေး စံနှုန်း ညွှန်ကြားချက်တွေအတိုင်း လေယာဉ်မှူးက လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့တာဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ လေယာဉ်ပေါ်က မီးကို လုံးဝဥဿုံ သေသေချာချာ ငြှိမ်းသတ်ထားပြီးဖြစ်တာ သေချာတဲ့အတွက် လေဆိပ်ကို လေယာဉ်ဆင်းချိန်မှာ အရေးပေါ် အခြေအနေတော့ မကြေညာခဲ့ဘူးလို့ ရာဂျစ်ဗ်ဂန္ဒီ လေဆိပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

IndiGoက ခရီးသည်တွေ အထိတ်တလန့်နဲ့ အဆင်မပြေ ဖြစ်သွားတာကို တောင်းပန်ခဲ့ပြီး နောက်ဆက်တွဲ သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

ပါဝါဘန့်ခ်တွေ အပါအဝင် အီလက်ထရောနစ် ပစ္စည်းတချို့မှာ အသုံးပြုထားတဲ့ လစ်သီယမ် ဘက်ထရီတွေဟာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတွေမှာ မီးထလောင်နိုင်တဲ့ အန္တရာယ်မျိုးရှိကြောင်း သတိပေးထားပါတယ်။ IndiGo လေကြောင်းလိုင်း အတွက်တော့ လေယာဉ်ပေါ် ပါဝါဘန့်ခ် မီးလောင်တာမျိုး ကြုံရတာ အခုတစ်ကြိမ် ပထမဆုံးတော့ မဟုတ်ပါဘူး။

မေလတုန်းကလည်း ချန်ဒီဂါမှာ ခရီးစဉ်အမှတ် 6E 108 လေယာဉ်ဆင်းပြီး မကြာခင်မှာပဲ ခရီးသည် တစ်ယောက်ရဲ့ ပါဝါဘန့်ခ် မီးထလောင်လို့ လူပေါင်း ၂၀၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ခရီးသည် ၆ ဦး ဒဏ်ရာရခဲ့ပြီး ခရီးသည် တစ်ယောက်ကတော့ ခြေထောက် ကျိုးသွားခဲ့ကြောင်း IndiGoက ထုတ်ပြန်ပါတယ်။

မနှစ်က အောက်တိုဘာလတုန်းကလည်း IndiGoရဲ့ ခရီးစဉ်အမှတ် 6E 2107 လေယာဉ်ပေါ်ဟာ ပျံမတက်သေးခင် လေယာဉ်ပြေးလမ်းဆီ မောင်းနှင်နေရင်း ပါဝါဘန့်ခ် မီးလောင်တာနဲ့ ကြုံခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ မီးကို အချိန်မီ ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ပြီး ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

ကိုးကား: The Star

ဗီဒီယို – X/ @ aviationbrk

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယမှာ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှု တစ်ခုဖြစ်တဲ့ ပိုးဟပ်ပြည်သူ့ပါတီ (CJP) ထူထောင်သူ အက်ဘ်ဟီဂျိထိ ဒစ်ပ်ကီကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

လူငယ်အများစု ပါဝင်ပြီး အစိုးရကို သရော်လှောင်ပြောင်ထားတဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှု ခေါင်းဆောင်တွေ အပါအဝင် ဆန္ဒပြသူတွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေ၊ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တွေ၊ ရှေ့နေတွေ စုစုပေါင်း လူ ၁၀၀၀ ကျော်လောက်ကို အိန္ဒိယက ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အီရန်စစ်ပွဲအတွင်း လေယာဉ် အမျိုးမျိုး စုစုပေါင်း ၈၁ စီးထိ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ထဲက မြို့နယ်တစ်ခုထဲမှာ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံတစ်ခု မီးလောင်မှု ဖြစ်ပွားပြီး ပေါက်ကွဲသံတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။

Facebook