Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောတွေ လုံခြုံရေးပေးတဲ့လေယာဉ် ဗုံးကြဲလို့ စစ်ရှောင် ၁ ဦး သေဆုံး၊ ၃ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကမ်းဖြူကျေးရွာကို စစ်သင်္ဘောတွေ လုံခြုံရေးလိုက်ပေးတဲ့ လေယာဉ်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင် အမျိုးသား ၁ဦး သေဆုံးကာ ၃ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

(ဗန်းမော်တက်လာတဲ့ စစ်သင်္ဘော အုပ်စုကို တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N)

ဩဂုတ်-၂၂၊၂၀၂၆၊ကတ်သရင်း/ People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကမ်းဖြူကျေးရွာကို စစ်သင်္ဘောတွေ လုံခြုံရေးလိုက်ပေးတဲ့ လေယာဉ်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင် အမျိုးသား ၁ဦး သေဆုံးကာ ၃ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဩဂုတ်၂၂ရက် ဒီကနေ့မနက် ၈နာရီဝန်းကျင်မှာ ဗန်းမော်မြို့ကို စစ်ကူသွားတဲ့ စစ်သင်္ဘောတွေကို လုံခြုံရေး လိုက်ပေးတဲ့ Y-12 လေယာဉ်က မြစ်အနောက်ဘက်က ကမ်းဖြူကျေးရွာကို ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲခံရမှုမှာ မတ္တရာမြို့နယ်‌ မြွေရွာက စစ်ဘေးရှောင် အမျိုးသား ၁ဦးပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီး ၁ဦးလည်းဒဏ်ရာပြင်းထန်ကာ စုစုပေါင်း ၃ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ရွာအနောက်ပိုင်းအထွက် နေရာကိုကြဲတာ။‌စစ်ဘေးရှောင်တွေထိတာ။ဗုံးကနှစ်လုံးကြဲတယ်။အမျိုးသားကတော့ လည်ပင်းပြတ်ထွက်သွားတယ် ပြောတယ်။အမျိုးသမီးကလည်း ဒဏ်ရာပြင်းတယ်တဲ့”လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီစစ်သင်္ဘောတွေဟာ ဒီကနေ့ ဩဂုတ် ၂၂ရက် နေ့လည်ပိုင်းမှာ စဉ့်ကူးမြို့နယ်၊ထုံးကြီးရွာရဲ့ အနောက်ဘက် ရောက်နေပြီလို့ သိရပါတယ်။

ဩဂုတ် ၂၁ရက် မနေ့ မနက်ပိုင်းမှာ မန္တလေးမြို့ကနေ စစ်သင်္ဘော ၁၄စီး ဗန်းမော်မြို့ကို တပ်ချိန်းဖို့ ထွက်သွားပြီး စစ်တပ်က လေကြောင်းကပါ လုံခြုံရေးပေးကာ မြစ်ကမ်း ပေးပတ်ဝန်းကျင် ကျေးရွာတွေကို ပစ်ခတ်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ နှစ်ရက်ဆက် ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ အရပ်သား ၃၀ဦးထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ​သေဆုံးထိခိုက်မှုရှိပြီး၊​လေယာဥ်သံ ဗုံးသံကြောင့်နှလုံးရပ်သေဆုံးသူအချို့ရှိနေ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ​ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

Facebook