Connect with us

Hi, what are you looking for?

News

စီးပွား​ရေးတိုးတက်မှုနှုန်း ​ခြောက်လအတွင်း ၃ဒသမ ၈ ရာခိုင်နှုန်းတိုးတက်​အောင်​ဆောင်ရွက်မည်ဟု အာဏာသိမ်း​ခေါင်း​ဆောင်ဆိုပြန်

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံ့စီးပွားရေးသည် ၁၈ ဒသမ၄ရာခိုင်နှုန်းကျဆင်းမည်ဟု အာရှဖွံဖြိုးရေးဘဏ်က သတ်မှတ်ထားချိန်တွင် အကြမ်းဖက်စစ်ခေါင်းဆောင်က အခုလို နိုင်ငံရေးစီးပွားရေးမည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။

မြန်မာ့စီးပွားရေးတိုးတက်နှုန်းကို ၆လအတွင်း ၃ ဒသမ ၈ ရာခိုင်နှုန်းရှိအောင် ဆောင်ရွက်မည်ဟု အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မျှော်မှန်းထားသည်။

ထိုသို့ခန့်မှန်းချက်ကို အကြမ်းဖက်စစ်ခေါင်းဆောင် လက်မှတ်ထိုးထုတ်ပြန်သည့် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်အတွက် ကြားကာလ ၆လတာ အတွက်​ရေးဆွဲထားသည့်အမျိုးသားစီမံကိန်းဥပ​ဒေတွင် ​​ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံ့စီးပွားရေးသည် ၁၈ ဒသမ၄ရာခိုင်နှုန်းကျဆင်းမည်ဟု အာရှဖွံဖြိုးရေးဘဏ်က သတ်မှတ်ထားချိန်တွင် အကြမ်းဖက်စစ်ခေါင်းဆောင်က အခုလို နိုင်ငံရေးစီးပွားရေးမည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ကုန်ထုတ်လုပ်ကဏ္ဍတွင် ၄ ဒသမ ၉ ရာခိုင်နှုန်းနှင့် ငွေကြေးကဏ္ဍတွင် ၁၂ ရာခိုင်နှုန်းကျော်တိုးတက်ရန် ခန့်မှန်းထားသည်။

Public Service Announcement

Public Service Announcement

စိုက်ပျိုးရေးကဏ္ဍတွင် ၂ ဒသမ ၃ရာခိုင်နှုန်းတိုးတက်ရန်လည်း ၎င်းကခန့်မှန်းထားသည်။

သို့သော်လည်း ဆက်သွယ်ရေးကဏ္ဍတွင် ၇ ဒသမ ၄ ရာခိုင်နှုန်းလျော့ကျအောင် ဆောင်ရွက်မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က ဆိုထားသည်။

အာရှဖွံဖြိုးရေးဘဏ်(ADB)၏ စက်တင်ဘာထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနှုန်းသည့် ၁၈ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုက ၆ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟုဆိုထားသည်။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် ကဏ္ဍအားလုံးတွင် ကျဆင်းနေပြီး ကုန်ထုတ်လုပ်မှုတွင် ၂၆ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းမည်ဟု ADBက ဆိုထားသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်က အရပ်သားအစိုးရလက်ထက်တွင်ပြောင်းလဲခဲ့သည့် ဘဏ္ဍာနှစ်ကာလသတ်မှတ်ချက်ကို ပြန်လည်ပြောင်းလဲနေခြင်းဖြစ်သည်။

အရပ်သားအစိုးရလက်ထက်တွင် တင်ဒါလုပ်ငန်းများ အဆင်ပြေစေရန် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ရက်အထိသတ်မှတ်ခဲ့သည်။ ထိုသတ်မှတ်ချက်အစား အာဏာသိမ်းစစ်ခေါင်းဆောင်က ဘဏ္ဍာနှစ်ကို ဧပြီ ၁ရက်မှ မတ် ၃၁ရက် အထိပြောင်းလဲရန် စီစဉ်နေခြင်းဖြစ်သည်။ ထိုသိုပြောင်းလဲရန်အတွက် ကြားကာလ ခြောက်လ ဘတ်ဂျတ်ကို အကြမ်းဖက်စစ်ခေါင်းဆောင်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သမ္မတရာထူးယူပြီး အရပ်သားအမည်ခံ အစိုးရအဖွဲ့ကိုဖွဲ့ပြနေပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲက အရပ်သားတွေအပါအဝင် အရပ်သားနိုင်ငံရေးသမားတွေကို အယုံအကြည်မရှိတဲ့ အာဏာရှင်ပဲလို့ နိုင်ငံရေးစောင့်ကြည့်သူတွေကသုံးသပ်ကြပါတယ်။

သတင်း

အေလာလေယာဉ်ကွင်းပြေးလမ်း နှင့် ကားလမ်းကြားတွင် ယနေ့(နိုဝင်ဘာ ၅ ရက်)နံနက်၈နာရီ ၂၀မိနစ်ဝန်းကျင်တွင် လက်လုပ်မိုင်းဖောက်ကွဲခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

သတင်း

စစ်ကောင်စီသည် သွင်းကုန်များအပေါ် ကန့်သတ်များထားနေပြီး ဒေါ်လာငွေကြေးပြတ်လပ်မှုများကြောင့် ငွေပေးချေမှု ပြသနာများလည်း စိုးရိမ်စရာဖြစ်လာသည်ဟုဆိုသည်။

News

မင်း​အောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်း​ရေး​ဆွေး​နွေးရန်ဆိုကာ ဖိတ်ကြားထား​သောအချိန်တွင်ပင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းရှိ​ကျေးရွာများကို အကြမ်းဖက်စီးနင်းမီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်ပြုလုပ်​နေသည်။