Connect with us

Hi, what are you looking for?

သတင်း

၁၀ နှစ်စာစီးပွား​ရေးဖွံ့ဖြိုးတိုးတက်မှုကို စစ်​ကောင်စီ​ကပြောင်းပြန်လှန်ပြစ်ဟု ကမ္ဘာ့ဘဏ်​ဖော်ပြ​

စစ်ကောင်စီသည် သွင်းကုန်များအပေါ် ကန့်သတ်များထားနေပြီး ဒေါ်လာငွေကြေးပြတ်လပ်မှုများကြောင့် ငွေပေးချေမှု ပြသနာများလည်း စိုးရိမ်စရာဖြစ်လာသည်ဟုဆိုသည်။

(စီးပွား​ရေးမြို့​တော်ရန်ကုန်တွင် မီးပျက်၍ မီးထွန်း​ဈေး​ရောင်း​နေ​သော ​ဈေးသည်အချို့ ။ ။ဓါတ်ပုံ-AFP)
(စီးပွား​ရေးမြို့​တော်ရန်ကုန်တွင် မီးပျက်၍ မီးထွန်း​ဈေး​ရောင်း​နေ​သော ​ဈေးသည်အချို့ ။ ။ဓါတ်ပုံ-AFP)

ဆယ်နှစ်စာ မြန်မာစီးပွားရေးတိုးတက်မှုများကို စစ်​ကောင်စီက ပြောင်းပြန် လှန်ပြစ်နေသည်ဟု ကမ္ဘာ့ဘဏ် ကထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်ရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။

“Reform Reverse” အမည်ဖြင့် ၂၀၂၂ ဇူလိုင်လတွင် ထုတ်ပြန်သည့် အဆိုပါ အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်က “မြန်မာ့စီးပွားရေးသည် ထိလွယ်ရှလွယ် အကဲဆတ်နေပြီး ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်း ပြန်လှည့်နေသည့်အတွက် စီးပွားရေးမျှော်မှန်းချက်မှာ အားနည်းလျက်ရှိသည်” ဟုသော ခေါင်းစဉ်ဖြင့် ယနေ့(ဇူလိုင် ၂၁ ရက်)ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ဆယ်စုတစ်စုစာမြန်မာ့စီးပွားဦးရေးတိုးတက်မှု ၏ အားကောင်းမောင်း သန်တွန်းအားများ ဖြစ်ခဲ့သော ပွင့်လင်းမှု၊ ဖြေလျော့မှုတို့ကို ပြောင်းပြန်လှန်ပစ်လိုက်ခြင်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်သည်။

စစ်ကောင်စီသည် စီးပွားရေးအရင်းမြစ်များနေရာချာထားမှုကိုကြီးစွာထိန်းချုပ်ခွင့်ရနေခြင်းကြောင့် စီးပွားရေးအရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုနိုင်မှုကိုလုံးဝသွေဖယ်သွားစေသည်ဟုလည်း ကမ္ဘာ့ဘဏ်ကဆိုထားသည်။

Public Service Announcement

Public Service Announcement

လတ်တ​လောမူဝါဒအ​ပြောင်းအလဲများ၊ ကုန်သွယ်မှုကန့်သတ်ခြင်း ၊​နိုင်ငံခြား​ငွေ​ကြေးလဲလှယ်မှုကန့်သတ်မှု ၊သွင်းကုန်အစားထိုးခြင်း ၊ကိုယ့်အားကိုယ်ကိုး ပြည်တွင်းဖူလုံမှုကိုအတင်းသွပ်သွင်းအား​ပေးခြင်းစသည်တို့​ကြောင့်ယခင်ဖွံ့ဖြိုးမှုများကို​ပြောင်းပြန်လှန်လိုက်ခြင်းဖြစ်သည်ဟု ကမ္ဘာဘဏ်ကသုံးသပ်သည်။ ထိုအတိုင်းဆက်သွားပါက ရင်းနှီးမြှပ်နှံသူများ၏ ယုံကြည်မှုထိခိုက်ပြီး စီးပွား​ရေးပတ်ဝန်းကျင်ကိုထိ့ခိုက်​စေကာ စီးပွား​ရေး တိုးတက်ရန် အလားအလာများကို ကာလရှည် အတားအဆီးဖြစ်​စေမည်ဟုခန့်မှန်းတွက်ချက်ထားသည်။

မြန်မာ့စီးပွားရေးသည် ၂၀၂၂ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပ ဖိအားများ ကြောင့်သိသိသာသာကျုံ့သွားခဲ့ပြီးပြန်လည် နလံထူရေးနှောင့်နှေး လျက်ရှိသည်ဟုပါရှိသည်။မြန်မာ့စီးပွားရေးတိုးတက်နှုန်း(GDP)သည် ၂၀၁၉နှင့် နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းဆက်လက်နိမ့်ကျနေသည်ဟုလည်းဆိုသည်။လူဦးရေး ၄၀ ရာခိုင်နှုန်း (သန်း ၂၀ ​ကျော်)မှာလည်းဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ရောက်ရှိကာ ဆယ်နှစ်တာကြိုးပမ်းမှုများနောက်ပြန်လှည့်သွားသည်ဟုလည်းကမ္ဘာဘဏ်ကတွက်ချက်ထားသည်။

စစ်ကောင်စီသည် သွင်းကုန်များအပေါ် ကန့်သတ်များထားနေပြီး ဒေါ်လာငွေကြေးပြတ်လပ်မှုများကြောင့် ငွေပေးချေမှု ပြသနာများလည်း စိုးရိမ်စရာဖြစ်လာသည်ဟုဆိုသည်။

“မြန်မာနိုင်ငံအနေနဲ့မနှစ်ကကမ္ဘာပေါ်မှာအဆိုးရွာဆုံးစီးပွားရေးကျုံ့မှုကိုရင်ဆိုင်ခဲ့ရပြီးဒီနှစ်မှာလည်းစီးပွားရေးဆောင်ရွက်ရာမှာအခက်အခဲတွေဆက်လက်ရှိနေတဲ့အတွက်အခြားနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် စီးပွားရေးပြန်လည်နာလန်ထူမှုမှာ များစွာနောက်ကျနေတာကို လေ့လာတွေ့ရှိရပါတယ်”ဟုကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးဘားနှင့် လာအို နိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်ကပြောသည်။

ငွေကြေးဖောင်းပွမှုက စီးပွားရေးအားလုံးကို ထိခိုက်စေပြီး ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ မတ်လတွင် ၁၇ ဒသမ ၃ ရာခိုင်နှုန်းအထိရှိခဲ့သည်ဟု ကမ္ဘာဘဏ်ကဆိုသည်။

“အိမ်​ထောင်စုဝင်​ငွေ​​လျော့နည်းလာခြင်း၊စားနပ်ရိက္ခာဖူလုံ​ရေးအတွက် နည်းလမ်း​တွေနည်းလာခြင်း၊ပြည်တွင်းပဋိပက္ခ​တွေ ဆက်လက်ဖြစ်ပွား​နေတာ​ကြောင့် ပိုမိုဆဲရဲလာခြင်းဆိုတဲ့ အ​ကြောင်ူအချက်​တွေက မြန်မာနိုင်ငံပြည်သူ၊ပြည်သား​တွေရဲ့ ကြံကြံခိုင် ရင်ဆိုင်နိုင်မှုစွမ်းအားကို ဆက်လက်စိန်​ခေါ်​နေပါလိမ့်မယ်”ဟုမာရီယမ်ရှာမန်က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။