Connect with us

Hi, what are you looking for?

News

အာဏာသိမ်း​ခေါင်း​ဆောင်ဖိတ်​​ခေါ်​သော​ဆွေး​နွေးပွဲ KNUမတက်

မင်း​အောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်း​ရေး​ဆွေး​နွေးရန်ဆိုကာ ဖိတ်ကြားထား​သောအချိန်တွင်ပင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းရှိ​ကျေးရွာများကို အကြမ်းဖက်စီးနင်းမီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်ပြုလုပ်​နေသည်။

အာဏာသိမ်းစစ်​ခေါင်း​ဆောင် မင်း​အောင်လှိုင်ဖိတ်ကြား​သော ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲသည် ကန့်သတ်ဖိတ်ကြား​သောပုံစံဖြစ်​နေပြီး သက်ဆိုင်သူအားလုံးမပါဝင်သည့်အခင်းအကျင်းဖြစ်​နေသည့်အတွက် ကရင်အမျိုးသားအစည်းအရုံး(KNU) အ​နေဖြင့်တက်​ရောက်နိုင်မည်မဟုတ်​ကြောင်း ယ​နေ့ညတွင်ထုတ်ပြန်လိုက်သည်။

ထို​ကြောင့် အာဏာသိမ်းစစ်​ခေါင်​​ဆောင်ဖိတ်​ခေါ်​သော​ဆွေး​နွေးပွဲကို မတက်​ရောက်​ကြောင်းတရားဝင်ထုတ်ပြန်​သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ဖွဲ့ရှိလာသည်။ KIA ၊ KNPP ၊ CNF ၊ ABSDF နှင့်KNU တို့ဖြစ်သည်။စစ်တပ်ကအာဏာသိမ်းပြီး​နောက်ပိုင်း အဆိုပါအဖွဲ့များမှာ ပြည်သူနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို အဓိကတိုက်ခိုက်​နေ​သောအဖွဲ့များလည်းဖြစ်သည်။

“စကစဟာ အကြမ်းဖက် အာဏာသိမ်းခဲ့တာကြောင့် တရားဝင်တဲ့ အဖွဲ့အစည်း မဖြစ်တာနဲ့အညီ မည်သည့် တရားဝင်နိုင်ငံရေးဆွေးနွေးပွဲကိုမှ ခေါ်ပိုင်ခွင့်မရှိသလိုဒီလို နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ထိုက်တန်တဲ့လူတွေမဟုတ်ပါကြောင်း သိစေအပ်ပါတယ်” ဟု KNU ​ပြော​ရေးဆိုခွင့်ရှိသူပဒိုစောတောနီးက ယ​နေ့ ည​နေပိုင်းတွင် People’s Spring သို့ပြောကြားထားသည်။

မင်း​အောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်း​ရေး​ဆွေး​နွေးရန်ဆိုကာ ဖိတ်ကြားထား​သောအချိန်တွင်ပင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းရှိ​ကျေးရွာများကို အကြမ်းဖက်စီးနင်းမီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်ပြုလုပ်​နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook