Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်း​ခေါင်း​ဆောင်ဖိတ်​​ခေါ်​သော​ဆွေး​နွေးပွဲ KNUမတက်

မင်း​အောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်း​ရေး​ဆွေး​နွေးရန်ဆိုကာ ဖိတ်ကြားထား​သောအချိန်တွင်ပင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းရှိ​ကျေးရွာများကို အကြမ်းဖက်စီးနင်းမီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်ပြုလုပ်​နေသည်။

အာဏာသိမ်းစစ်​ခေါင်း​ဆောင် မင်း​အောင်လှိုင်ဖိတ်ကြား​သော ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲသည် ကန့်သတ်ဖိတ်ကြား​သောပုံစံဖြစ်​နေပြီး သက်ဆိုင်သူအားလုံးမပါဝင်သည့်အခင်းအကျင်းဖြစ်​နေသည့်အတွက် ကရင်အမျိုးသားအစည်းအရုံး(KNU) အ​နေဖြင့်တက်​ရောက်နိုင်မည်မဟုတ်​ကြောင်း ယ​နေ့ညတွင်ထုတ်ပြန်လိုက်သည်။

ထို​ကြောင့် အာဏာသိမ်းစစ်​ခေါင်​​ဆောင်ဖိတ်​ခေါ်​သော​ဆွေး​နွေးပွဲကို မတက်​ရောက်​ကြောင်းတရားဝင်ထုတ်ပြန်​သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ဖွဲ့ရှိလာသည်။ KIA ၊ KNPP ၊ CNF ၊ ABSDF နှင့်KNU တို့ဖြစ်သည်။စစ်တပ်ကအာဏာသိမ်းပြီး​နောက်ပိုင်း အဆိုပါအဖွဲ့များမှာ ပြည်သူနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို အဓိကတိုက်ခိုက်​နေ​သောအဖွဲ့များလည်းဖြစ်သည်။

“စကစဟာ အကြမ်းဖက် အာဏာသိမ်းခဲ့တာကြောင့် တရားဝင်တဲ့ အဖွဲ့အစည်း မဖြစ်တာနဲ့အညီ မည်သည့် တရားဝင်နိုင်ငံရေးဆွေးနွေးပွဲကိုမှ ခေါ်ပိုင်ခွင့်မရှိသလိုဒီလို နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ထိုက်တန်တဲ့လူတွေမဟုတ်ပါကြောင်း သိစေအပ်ပါတယ်” ဟု KNU ​ပြော​ရေးဆိုခွင့်ရှိသူပဒိုစောတောနီးက ယ​နေ့ ည​နေပိုင်းတွင် People’s Spring သို့ပြောကြားထားသည်။

မင်း​အောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်း​ရေး​ဆွေး​နွေးရန်ဆိုကာ ဖိတ်ကြားထား​သောအချိန်တွင်ပင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းရှိ​ကျေးရွာများကို အကြမ်းဖက်စီးနင်းမီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်ပြုလုပ်​နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။