Connect with us

Hi, what are you looking for?

သတင်း

KNUနယ်မြေများသို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ကိုရင်နှစ်ပါးနှင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရ

KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တွင်လည်း နိုဝင်ဘာ ၂၇ရက်က စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဘုန်းကြီးကျောင်း ထိမှန်ပြီး သာမဏေ(ကိုရင်) နှစ်ပါး ဒဏ်ရာရခဲ့သည်။

(စစ်ကောင်စီတပ် ပစ်ခတ်၍ ဒဏ်ရာရရှိသူအမျိုးသမီးအား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် ပစ်ခတ်၍ ဒဏ်ရာရရှိသူအမျိုးသမီးအား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မူး(မုန်း)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ၏ အုပ်ဖြတ်ရဲစခန်းက နိုဝင်ဘာ ၂၇ရက် ညနေပိုင်းတွင် ကြာအင်းကျေးရွာအတွင်းသို့ Rocket သုံးလုံး ပစ်ခတ်ခဲ့၍ ကျေးရွာအတွင်းနေထိုင်သည့် အသက် ၃၅နှစ်အရွယ်နှင့် အသက် ၄၆ နှစ်အရွယ် အမျိုးသမီး ၂ဦး ကျည်စထိမှန်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တွင်လည်း နိုဝင်ဘာ ၂၇ရက်က စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဘုန်းကြီးကျောင်း ထိမှန်ပြီး သာမဏေ(ကိုရင်) နှစ်ပါး ဒဏ်ရာရခဲ့သည်။

ကော့ကရိတ်မြို့နယ် လှိုင်၀အခြေစိုက်စစ်ကောင်စီအမြောက်တပ်က ကော့ကရိတ်မြို့နယ် အံဖလေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲကာ အသက် ၁၄နှစ်နှင့် အသက် ၁၆ နှစ်အရွယ်ရှိ ကိုရင် နှစ်ပါး ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

KNU နယ်မြေတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခြင်း လေကြောင်း တိုက်ခိုက်ခြင်းများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook