Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးထိ၍ မိန်းကလေးတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဒေသတွင်း ကျေးရွာများသို့ ပစ်ခတ်တိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း အသိပေးသည်။ စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၆ရက်ကလည်း မူးမြို့နယ်ရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်ခဲ့သေးသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားသေဆုံးထိခိုက်မှုဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

KNU မုန်း(မူး)မြို့နယ်အတွင်း စစ်ကောင်စီက ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိရာ နိုဝင်ဘာ ၁ရက် နှင့် အောက်တိုဘာ ၃၁ရက်တို့တွင် အရပ်သားထိခိုက်မှု ဆက်ရှိခဲ့ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေစဉ်။ ဓာတ်ပုံ – KNU)

ယမန်နေ့ (နိုဝင်ဘာ ၁ရက်တွင်) နတ်သံကွင်းတံတားရှိ စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ (၇၆)နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပြီး သပြေကုန်း ကျေးရွာအတွင်းရှိ ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။

အောက်တိုဘာ ၃၁ရက် နေ့လယ်ပိုင်းကလည်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ-၄၃၉ သည် ကျေးရွာများတွင်းသို့ ဟောင်ဝစ်ဇာလက်နက်ကြီး လေးလုံးကို ပစ်ခတ်ခဲ့ရာ ပျဉ်းမပင်ကျေးရွာသို့ တစ်လုံး၊ ရေလဲ(အရှေ့ဘက်ကမ်း)သို့ နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ ပေါက်ကွဲမှုကြောင့် (၁၇)နှစ်အရွယ် မိန်းကလေးငယ် သေဆုံးခဲ့ရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေစဉ်။ ဓာတ်ပုံ – KNU)

ထို့ပြင် (၉)နှစ်ကလေးငယ်နှင့် (၂၀)နှစ်အရွယ် မိန်းကလေးငယ်တို့ ဒဏ်ရာရခဲ့ကြောင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဒေသတွင်း ကျေးရွာများသို့ ပစ်ခတ်တိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း အသိပေးသည်။ စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၆ရက်ကလည်း မူးမြို့နယ်ရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်ခဲ့သေးသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး ထိုသို့ တိမ်းရှောင်နေရသူ လူဦးရေ ၅,၂၀၀ ကျော်ရှိကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။