Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို မထောက်ပံ့နိုင်ရင် စစ်ပွဲမှာ ပူတင် အနိုင်ရသွားလိမ့်မယ်လို့ အမေရိကန် အစိုးရ သတိပေး

ရုရှားက ဆောင်းတွင်းဝင်ရောက်ချိန်မှာ ယူကရိန်းကို ထိုးစစ်ဆင်မှုတွေ ပိုမို အရှိန်မြှင့်ဖို့ ကြိုးစားနေပြီး ယူကရိန်းဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဆီက ထောက်ပံ့တဲ့ စစ်လက်နက်တွေကို ပိုပြီး အပူတပြင်း လိုအပ်နေကြောင်း သိရပါတယ်။

ယူကရိန်းကို မထောက်ပံ့နိုင်ရင် စစ်ပွဲမှာ ပူတင် အနိုင်ရသွားလိမ့်မယ်လို့ အမေရိကန် အစိုးရ သတိပေး
ယူကရိန်းကို မထောက်ပံ့နိုင်ရင် စစ်ပွဲမှာ ပူတင် အနိုင်ရသွားလိမ့်မယ်လို့ အမေရိကန် အစိုးရ သတိပေး

ယူကရိန်းအတွက် ရေရှည် အထောက်အပံ့တွေ ဆက်ပြီး မပေးနိုင်ဘူးဆိုရင် စစ်ပွဲမှာ ရုရှားက အနိုင်ရသွားလိမ့်မယ်လို့ အမေရိကန် အစိုးရက လေးလေးနက်နက် သတိပေးလိုက်ပါတယ်။

အိမ်ဖြူတော်က တကယ်လို့ အမေရိကန် လွှတ်တော်သာ ယူကရိန်း အထောက်အပံ့ ကိစ္စနဲ့ ပတ်သက်လို့ တိကျတဲ့ သဘောတူညီမှုတစ်ခု အဖြေရှာမပေးနိုင်ရင် စစ်ပွဲမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အနိုင်ပေးလိုက်တာနဲ့ တူတူပဲ ဖြစ်လိမ့်မယ်လို့ ထောက်ပြသွားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အသုံးစရိတ် စီမံခန့်ခွဲမှု ဒါရိုက်တာ ရှာလန်ဒါယန်းက အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ခ်ဂျွန်ဆန်ဆီ ရေးသားပေးပို့ခဲ့တဲ့ စာထဲမှာ အဲဒီ ကိစ္စကို ရှင်းရှင်းလင်းလင်း ရေးသားထားပါတယ်။

အမေရိကန် လွှတ်တော်မှာ အစိုးရ အသုံးစရိတ် အသက်ဆက်ဖို့အတွက် ယာယီ အစီအမံ တစ်ခုကို သဘောတူထားပေမယ့်လည်း ယူကရိန်းကို အထောက်အပံ့တွေ ပေးပို့ရေးကိစ္စကိုတော့ ချန်လှန်ထားခဲ့ပါတယ်။ ဘိုင်ဒန်ရဲ့ အစိုးရကတော့ ယူကရိန်းအတွက် ငွေကြေးနဲ့ စစ်လက်နက်တွေ ထောက်ပံ့ဖို့ ဘတ်ဂျတ်သစ် အတည်ပြုနိုင်ရေး အသည်းအသန် တွန်းအားပေးနေပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာလထဲမှာ ဒီမိုကရက်ပါတီ ကိုယ်စားပြု သမ္မတဖြစ်တဲ့ ဘိုင်ဒန်က ယူကရိန်းနဲ့ အစ္စရေးကို ထောက်ပံ့ဖို့ ကိစ္စတွေ အပါအဝင် အမျိုးသား လုံခြုံရေး အသုံးစရိတ် တစ်ရပ်အတွက် ဒေါ်လာ ၁၀၆ ဘီလီယံ ခွင့်ပြုပေးဖို့ လွှတ်တော်ကို တိုက်တွန်း အဆိုတင်ခဲ့ပါတယ်။

ယန်းက ယူကရိန်းအတွက် အထောက်အပံ့ ပေးထားတာတွေဟာ နှစ်ကုန်ပိုင်းလောက်ကျရင် လုံးဝ ခန်းခြောက်သွားတော့မှာ ဖြစ်တယ်လို့ ဆိုတယ်။ ပိုက်ဆံဆိုတာ တွင်းထဲက နှိုက်လို့မရကြောင်း၊ အခု အမေရိကန် အစိုးရဟာ ပိုက်ဆံသုံးဖို့ မရှိကြောင်း၊ အချိန်လည်း သိပ်မကျန်တော့ကြောင်း၊ ယူကရိန်းဆီ စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ စီးဝင်မှုကို ဖြတ်တောက်လိုက်မယ်ဆိုရင် ယူကရိန်းက လောလောဆယ် စစ်မြေပြင်မှာ ရရှိနေတဲ့ အားသာချက်တွေ ပျက်စီးသွားနိုင်တဲ့အပြင် ရုရှားကပါ အောင်ပွဲခံသွားနိုင်ကြောင်း ယန်းက ရေးသားထားပါတယ်။

အမေရိကန် လွှတ်တော် အနေနဲ့ ယူကရိန်း လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာကို ဆက်ပြီး ထောက်ခံရပ်တည်မလား၊ ဒါမှမဟုတ် သမိုင်းကြောင်း သင်ခန်းစာတွေကို မျက်ကွယ်ပြုပြီး ပူတင်ကို အနိုင်ရခွင့် ပေးမလား ဆိုတာကို ဆုံးဖြတ်ရတော့မယ်လို့ အိမ်ဖြူတော်ရဲ့ လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ်ဆူလီဗန်ကလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ရုရှားက ဆောင်းတွင်းဝင်ရောက်ချိန်မှာ ယူကရိန်းကို ထိုးစစ်ဆင်မှုတွေ ပိုမို အရှိန်မြှင့်ဖို့ ကြိုးစားနေပြီး ယူကရိန်းဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဆီက ထောက်ပံ့တဲ့ စစ်လက်နက်တွေကို ပိုပြီး အပူတပြင်း လိုအပ်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။