Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်ထောက်လှမ်းရေး အကြီးအကဲရဲ့ဇနီး အဆိပ်မိပြီး ဆေးရုံရောက်နေ

နိုင်ငံရေး နယ်ပယ်မှာ လှုပ်ရှားနေသူ တစ်ဦးဖြစ်တဲ့ ဘူဒါနိုဗာဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက လုံခြုံရေး အခြေအနေကြောင့် ခင်ပွန်းဖြစ်သူရဲ့ ရုံးမှာပဲ ပြောင်းရွှေ့ နေထိုင်နေခဲ့ကြောင်းလည်း သိရပါတယ်။

ယူကရိန်း စစ်ထောက်လှမ်းရေး အကြီးအကဲရဲ့ဇနီး အဆိပ်မိပြီး ဆေးရုံရောက်နေ
ယူကရိန်း စစ်ထောက်လှမ်းရေး အကြီးအကဲရဲ့ဇနီး အဆိပ်မိပြီး ဆေးရုံရောက်နေ

ယူကရိန်း စစ်ထောက်လှမ်းရေးဌာန အကြီးအကဲရဲ့ ဇနီးဖြစ်သူ အဆိပ်မိခဲ့ကြောင်း ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ထောက်လှမ်းရေးဌာန အကြီးအကဲ ဗိုလ်မှူးချုပ် ကိုင်ရီလို ဘူဒါနော့ဗ်ရဲ့ ဇနီးဖြစ်သူ မာရီယာနာ ဘူဒါနိုဗာဟာ အဆိပ်သင့် ဝေဒနာတွေကို အတော်လေး သိသိသာသာ ခံစားခဲ့ရသလို ဌာနထဲက တချို့ဝန်ထမ်းတွေလည်း အဆိပ်သင့်တဲ့ အပျော့စား လက္ခဏာတွေ ပြခဲ့တယ်လို့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

ဒါပေမဲ့ သူက အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။ အခု အဆိပ်ခတ်မှုဟာ ရုရှားလက်ချက်လို့ ယူကရိန်းဖက်က မစွပ်စွဲသေးသလို ဗိုလ်မှူးချုပ် ဘူဒါနော့ဗ်ကို ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးလည်း မတွေ့သေးဘူးလို့ သိရပါတယ်။

ဗိုလ်မှူးချုပ်ဟာ ဘူဒါနော့ဗ်ဟာ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ စစ်ထောက်လှမ်းရေး ဌာနကို ဦးဆောင်နေသူဖြစ်ပြီး ယူကရိန်းက ဆင်နွှဲတဲ့ စစ်ဆင်ရေး တချို့ဟာ သူ့ဌာနရဲ့ ထောက်ခံချက်၊ အစီရင်ခံချက်တွေအပေါ် မူတည်ပြီး ပြင်ဆင် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း ထောက်လှမ်းရေး အသိုင်းအဝိုင်းရဲ့ သတင်းရင်းမြစ် တစ်ဦးက ဘူဒါနိုဗာဟာ အတော်လေး နာမကျန်း ဖြစ်တာကြောင့် ဆေးရုံတက်ပြီး ကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။ သူ့ရဲ့ အခြေအနေကို ဆရာဝန်တွေက စောင့်ကြည့်နေဆဲ ဆိုတာကလွဲလို့ အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။

နိုင်ငံရေး နယ်ပယ်မှာ လှုပ်ရှားနေသူ တစ်ဦးဖြစ်တဲ့ ဘူဒါနိုဗာဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက လုံခြုံရေး အခြေအနေကြောင့် ခင်ပွန်းဖြစ်သူရဲ့ ရုံးမှာပဲ ပြောင်းရွှေ့ နေထိုင်နေခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားက အသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ် ဖောက်ခွဲရေး ဒရုန်းတွေဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေကို အကျပ်ရိုက်နေစေကြောင်း သိရပါတယ်။