Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်ထောက်လှမ်းရေး အကြီးအကဲရဲ့ဇနီး အဆိပ်မိပြီး ဆေးရုံရောက်နေ

နိုင်ငံရေး နယ်ပယ်မှာ လှုပ်ရှားနေသူ တစ်ဦးဖြစ်တဲ့ ဘူဒါနိုဗာဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက လုံခြုံရေး အခြေအနေကြောင့် ခင်ပွန်းဖြစ်သူရဲ့ ရုံးမှာပဲ ပြောင်းရွှေ့ နေထိုင်နေခဲ့ကြောင်းလည်း သိရပါတယ်။

ယူကရိန်း စစ်ထောက်လှမ်းရေး အကြီးအကဲရဲ့ဇနီး အဆိပ်မိပြီး ဆေးရုံရောက်နေ
ယူကရိန်း စစ်ထောက်လှမ်းရေး အကြီးအကဲရဲ့ဇနီး အဆိပ်မိပြီး ဆေးရုံရောက်နေ

ယူကရိန်း စစ်ထောက်လှမ်းရေးဌာန အကြီးအကဲရဲ့ ဇနီးဖြစ်သူ အဆိပ်မိခဲ့ကြောင်း ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ထောက်လှမ်းရေးဌာန အကြီးအကဲ ဗိုလ်မှူးချုပ် ကိုင်ရီလို ဘူဒါနော့ဗ်ရဲ့ ဇနီးဖြစ်သူ မာရီယာနာ ဘူဒါနိုဗာဟာ အဆိပ်သင့် ဝေဒနာတွေကို အတော်လေး သိသိသာသာ ခံစားခဲ့ရသလို ဌာနထဲက တချို့ဝန်ထမ်းတွေလည်း အဆိပ်သင့်တဲ့ အပျော့စား လက္ခဏာတွေ ပြခဲ့တယ်လို့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

ဒါပေမဲ့ သူက အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။ အခု အဆိပ်ခတ်မှုဟာ ရုရှားလက်ချက်လို့ ယူကရိန်းဖက်က မစွပ်စွဲသေးသလို ဗိုလ်မှူးချုပ် ဘူဒါနော့ဗ်ကို ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးလည်း မတွေ့သေးဘူးလို့ သိရပါတယ်။

ဗိုလ်မှူးချုပ်ဟာ ဘူဒါနော့ဗ်ဟာ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ စစ်ထောက်လှမ်းရေး ဌာနကို ဦးဆောင်နေသူဖြစ်ပြီး ယူကရိန်းက ဆင်နွှဲတဲ့ စစ်ဆင်ရေး တချို့ဟာ သူ့ဌာနရဲ့ ထောက်ခံချက်၊ အစီရင်ခံချက်တွေအပေါ် မူတည်ပြီး ပြင်ဆင် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း ထောက်လှမ်းရေး အသိုင်းအဝိုင်းရဲ့ သတင်းရင်းမြစ် တစ်ဦးက ဘူဒါနိုဗာဟာ အတော်လေး နာမကျန်း ဖြစ်တာကြောင့် ဆေးရုံတက်ပြီး ကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။ သူ့ရဲ့ အခြေအနေကို ဆရာဝန်တွေက စောင့်ကြည့်နေဆဲ ဆိုတာကလွဲလို့ အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။

နိုင်ငံရေး နယ်ပယ်မှာ လှုပ်ရှားနေသူ တစ်ဦးဖြစ်တဲ့ ဘူဒါနိုဗာဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက လုံခြုံရေး အခြေအနေကြောင့် ခင်ပွန်းဖြစ်သူရဲ့ ရုံးမှာပဲ ပြောင်းရွှေ့ နေထိုင်နေခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနိုင်ငံ အတွင်းပိုင်းက ပစ်မှတ်တွေကို စစ်ပွဲတလျှောက် အတိုင်းအတာ အကြီးမားဆုံး စစ်ဆင်ရေး အစီအမံမျိုးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ဖမ်းဆီး ရမိထားတဲ့ မြောက်ကိုရီးယား စစ်သားတွေကို ရုရှားလက်ထဲက ယူကရိန်း သုံ့ပန်းတွေနဲ့ လဲလှယ်ဖို့ ဆန္ဒရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကမ်းလှမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားအတွက် မျှော်လင့်မထားတဲ့ အခြေအနေ တစ်ခုအဖြစ် ယူကရိန်း တပ်တွေဟာ ရုရှားရဲ့ ကာ့စ်ခ်ဒေသထဲမှာ ထိုးစစ်ဆင် တိုက်ခိုက်မှု ဒုတိယလှိုင်းကို စတင်လာခဲ့ပါတယ်။

နိုင်ငံတကာ

နှစ် ၄၀ လောက် ကြာမြင့်ခဲ့တဲ့နောက် ယူကရိန်း ပိုင်နက်ကို ဖြတ်သန်းပြီး ရုရှားရဲ့ ဓာတ်ငွေ့တွေ ဥရောပကို တင်ပို့နေခဲ့မှုဟာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။