Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အီရန်မဟာမိတ် စစ်သွေးကြွ စခန်းတွေကို အမေရိကန် တိုက်ခိုက်

အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အီရန်ဖက်က တုံ့ပြန်မှုကိုတော့ မသိရသေးပါဘူး။ အစောပိုင်းမှာ အီရန် အစိုးရက စစ်ပွဲကို မလိုလားပေမယ့်လည်း ရန်စတိုက်ခိုက်မှုတွေ ကြုံလာရင်တော့ ငြိမ်နေမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်မှုဆန်ဆန် သတိပေးထားခဲ့ဖူးပါတယ်။

အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အီရန်မဟာမိတ် စစ်သွေးကြွ စခန်းတွေကို အမေရိကန် တိုက်ခိုက်
အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အီရန်မဟာမိတ် စစ်သွေးကြွ စခန်းတွေကို အမေရိကန် တိုက်ခိုက်

အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေမှာ အခြေစိုက်ပြီး အီရန်ရဲ့ အားပေး ထောက်ခံမှုကို ရရှိထားတဲ့ ဒေသခံ ပြည်သူ့စစ်နဲ့ စစ်သွေးကြွအဖွဲ့ စခန်းတွေကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

ဆီးရီးယား-ဂျော်ဒန် နယ်စပ်မှာ ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့် အမေရိကန် တပ်ဖွဲ့ဝင် ၃ ဦး အသက်ဆုံးရှုံးခဲ့တဲ့ ဖြစ်ရပ်အတွက် လက်တုံ့ပြန်ပြီး အီရန်နိုင်ငံ ပြင်ပက အီရန်နဲ့ ဆက်စပ်တဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာခဲ့ပြီး နောက်တစ်နေ့မှာပဲ အခုလို စစ်ဆင်ရေးတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အမေရိကန်က နေရာ ၇ ခုခွဲပြီး စစ်ရေးပစ်မှတ် ၈၅ ခုကို ပြင်းပြင်းထန်ထန် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီထဲမှာ စစ်ရေး ကွပ်ကဲမှု ဌာနတွေ၊ ထောက်လှမ်းရေး ဌာနတွေ၊ ဒုံးကျည်နဲ့ ခဲယမ်းမီးကျောက် သိုလှောင်ရုံတွေ၊ တခြား စစ်ဘက် အဆောက်အအုံတွေ ပါဝင်ခဲ့တယ်လို့ အမေရိကန် စစ်ဘက်က ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့ နေရာတွေထဲမှာ အီရန် တော်လှန်ရေး အစောင့်တပ်က အသုံးပြုနေတဲ့ စစ်စခန်းတွေလည်း ပါဝင်ပါတယ်။

ဘိုင်ဒန်က ကျဆုံးစစ်သည်တွေအတွက် လက်တုံ့ပြန်မှုတွေဟာ ဖေဖော်ဝါရီ ၂ ရက် လေကြောင်း တိုက်ခိုက်မှုတွေနဲ့တင် အတောမသတ်သေးဘူးလို့လည်း သတိပေးခဲ့ပါတယ်။ အမေရိကန်က ဂျော်ဒန် ပိုင်နက်ထဲမှာရှိတဲ့ Tower 22 စစ်စခန်း တိုက်ခိုက်ခံရမှုဟာ အီရန်က အားပေး ပံ့ပိုးနေတဲ့ အစ္စလာမ်မစ် ခုခံရေး အင်အားစု (အီရတ်)ရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံနှစ်ခုထဲက အီရန်နဲ့ ဆက်စပ်တဲ့ စစ်ရေးပစ်မှတ်တွေကို မဟာဗျူဟာမြောက် တိုက်ခိုက်ခဲ့ရာမှာ ပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်တဲ့ ပဲ့ထိန်းစနစ်ပါ ခဲယမ်းယူနစ် ၁၂၅ ခုကို အသုံးပြုခဲ့ကြောင်း အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာချုပ်က ကြေညာပါတယ်။ ဒါပေမဲ့ ပြည်သူ့စစ်နဲ့ စစ်သွေးကြွ အရေအတွက် ဘယ်လောက် သေဆုံးသလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။

အမေရိကန်ဟာ စစ်စခန်း တိုက်ခိုက်ခံရမှုအပြီး တစ်ပတ်လောက် အချိန်ယူ စဉ်းစားပြီးမှ အခုလို လက်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဘိုင်ဒန်က သူရွေးချယ်တဲ့ စစ်ရေး အစီအမံတွေကြောင့် အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုဆိုးမသွားအောင် သေသေချာချာ သုံးသပ်ခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အီရန်ဖက်က တုံ့ပြန်မှုကိုတော့ မသိရသေးပါဘူး။ အစောပိုင်းမှာ အီရန် အစိုးရက စစ်ပွဲကို မလိုလားပေမယ့်လည်း ရန်စတိုက်ခိုက်မှုတွေ ကြုံလာရင်တော့ ငြိမ်နေမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်မှုဆန်ဆန် သတိပေးထားခဲ့ဖူးပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

Facebook