Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆီးရီးယား-ဂျော်ဒန် နယ်စပ်မှာ ဒရုန်းတိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင်တွေ သေကြေ ဒဏ်ရာရ

ဒီဇင်ဘာလတုန်းက အမေရိကန် စစ်တပ်ဟာ ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၁၇ ရက်နောက်ပိုင်း တိုက်ခိုက်မှု ၉၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဆီးရီးယား-ဂျော်ဒန် နယ်စပ်မှာ ဒရုန်းတိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင်တွေ သေကြေ ဒဏ်ရာရ
ဆီးရီးယား-ဂျော်ဒန် နယ်စပ်မှာ ဒရုန်းတိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင်တွေ သေကြေ ဒဏ်ရာရ

ဆီးရီးယားနဲ့ ဂျော်ဒန် နှစ်နိုင်ငံ နယ်စပ်နားမှာ ဒရုန်း တိုက်ခိုက်မှု တစ်ခုအတွင်း အမေရိကန် တပ်ဖွဲ့ဝင်တွေ ဒါဇင်နဲ့ချီ သေကြေ ဒဏ်ရာရခဲ့တဲ့အပေါ် လက်တုံ့ပြန်သွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆီးရီးယား-ဂျော်ဒန် နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဒေသခံ အစွန်းရောက် စစ်သွေးကြွတွေက ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့တာဖြစ်ပြီး ထိုက်သင့်တဲ့ တုံ့ပြန်မှုမျိုး ရှိဖို့လိုတယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲစတင်လာပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်း ဒေသက နိုင်ငံတချို့မှာ အမေရိကန် တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး အခုတစ်ကြိမ်ကတော့ အသေအပျောက်ပါ ပထမဆုံးအကြိမ် ကြုံလာရတာပါ။ စစ်ပွဲမှာ အစ္စရေးကို အပြည့်အဝ ထောက်ခံ ရပ်တည်ခဲ့တဲ့ ဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ဟာ ပါလက်စတိုင်းကို လိုလားတဲ့ ဒေသခံ လက်နက်ကိုင် အင်အားစုတွေ၊ အထူးသဖြင့် အီရန်ရဲ့ ဩဇာ လွှမ်းမိုးတဲ့ အဖွဲ့အစည်းတွေအပေါ် ဒေါသပေါက်ကွဲ စေခဲ့ပါတယ်။

ဂါဇာစစ်ပွဲနောက်ပိုင်း အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတချို့မှာ အမေရိကန် စစ်စခန်းတွေကို ပစ်မှတ်ထားတဲ့ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး အခုဖြစ်စဉ်ကတော့ အထိအနာဆုံးလို့ သတ်မှတ်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

မူလက တိုက်ခိုက်မှုဟာ ဂျော်ဒန် ပိုင်နက်ထဲမှာ ပေါ်ပေါက်ခဲ့တာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဂျော်ဒန် အစိုးရက ဆီးရီးယားဖက်ခြမ်းမှာ ဖြစ်ခဲ့တာလို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ စခန်းကို ဘယ်အဖွဲ့အစည်းက ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဘိုင်ဒန်ကတော့ အမေရိကန်ဟာ ကျူးလွန်သူတွေကို စုံစမ်း ဖော်ထုတ်ပြီး သင့်တော်တဲ့ အချိန်မှာ သင့်တော်တဲ့ အတိုင်းအဆမျိုးနဲ့ တုံ့ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ တရားမဲ့ပြီး ကောက်ကျစ်စဉ်းလဲတဲ့ အခုလို တိုက်ခိုက်မှုမှာ အသက်ပေးခဲ့ရတဲ့ အမေရိကန် စစ်သူရဲကောင်းတွေရဲ့ မိသားစုတွေနဲ့ထပ်တူ သူရော၊ အမေရိကန် တစ်နိုင်ငံလုံးပါ ကြေကွဲ ဝမ်းနည်းကြောင်းလည်း သမ္မတက ဆိုပါတယ်။

အမေရိကန် အာဏာပိုင်တွေက အခု တိုက်ခိုက်မှုမှာ ဦးနှောက် သက်ရောက် ထိခိုက်မှု ခံစားရနိုင်ခြေအတွက် တပ်ဖွဲ့ဝင် ၃၄ ဦးကို ရွှေ့ပြောင်းပြီး ဆန်းစစ် ကုသမှုတွေ လုပ်ခဲ့ရသလို တချို့ကို ဆေးရုံတစ်ခုဆီ ထပ်ဆင့် ရွှေ့ပြောင်းပေးထားရတယ်လို့ ပြောပါတယ်။ ဒရုန်းဟာ အိပ်ဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့လည်း ထိခိုက်သေကြေမှုတွေ များပြားခဲ့တာလို့ ဆိုပါတယ်။

အစောပိုင်းမှာ အမေရိကန် ဗဟို စစ်ရေး စီမံခန့်ခွဲမှု ဌာနက ဂျော်ဒန် နယ်စပ်မှာရှိတဲ့ Tower 22ဆိုတဲ့ စစ်စခန်း တိုက်ခိုက်ခံရတာလို့ ကြေညာပေမယ့် ဂျော်ဒန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ မူဟန်နက်ဒ် မူဘိုင်ဒင်းကတော့ ဆီးရီးယားဖက်ခြမ်းမှာ ရှိနေတဲ့ အယ်လ်တန်ဖ် စစ်စခန်း ပစ်မှတ်ထား ခံခဲ့ရတာသာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။

ဒီဇင်ဘာလတုန်းက အမေရိကန် စစ်တပ်ဟာ ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၁၇ ရက်နောက်ပိုင်း တိုက်ခိုက်မှု ၉၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။