Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ် ၂၀ထက်မနည်းသေဆုံးခဲ့သောဆော-ကျောက်ထုလမ်းပိုင်းတိုက်ပွဲတွင် YDF မှပြည်သူ့တပ်သားတစ်ဦး ကျဆုံးခဲ့

ကျဆုံးသူမှာ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ဆော-ကျောက်ထုလမ်းပိုင်းတိုက်ပွဲတွင်ပြည်သူနှင့် နိုင်ငံတော်အတွက် အသက်ပေးလှုသွားရခြင်းဖြစ်ကြောင်း YDF က People’s Spring သို့ပြောကြားသည်။

မကွေးတိုင်း၊ ဆော-ကျောက်ထုလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ပွဲဝင်ရင်းအသက် ၁၉ နှစ်အရွယ်ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးအသက်ပေးလှုသွားကြောင်း Yaw Defense Force-YDF က ပြောသည်။

ယောဒေသကာကွယ်ရေးတပ်ဖွဲ့-YDF(ဆော -ကျောက်ထု ) တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးသည် အောက်တိုဘာလ ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ ပြည်သူလူထုအား ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တော်လှန်ရင်း အသက်ပေးလှုသွားခဲ့ကြောင်း YDFက ယနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ကျဆုံးသူမှာ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ဆော-ကျောက်ထုလမ်းပိုင်းတိုက်ပွဲတွင်ပြည်သူနှင့် နိုင်ငံတော်အတွက် အသက်ပေးလှုသွားရခြင်းဖြစ်ကြောင်း YDF က People’s Spring သို့ပြောကြားသည်။

ကျဆုံးသူ၏ ရုပ်အလောင်းအား တောတွင်းတစ်နေရာတွင် ကောင်းမွန်စွာ ဂူသွင်းမြေမြှုပ်သဂြိုလ်ပေးခဲ့ပြီး ကျန်ရစ်သူရဲဘော်များက အလေးပြုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် YDF(ဆော- ကျောက်ထု) ရဲဘော်တစ်ဦး၏ ပေးဆပ်မှုကို YDF မှ အလေးပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်တကွ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း ညှိုးငယ်သောစိတ်ထားဖြင့် YDFက အသိပေးခဲ့သည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က ဆော-ကျောက်ထု လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းနှစ်ကြောင်း၊ စစ်အင်အား (၁၅၀) ကျော်ဖြင့် ချီတက်လာရာ YDF-ဆော-ကျောက်ထုပျောက်ကျားတပ်ဖွဲ့ ကမိုင်းအကြီး (၂)လုံး ၊ ပဒေသာမိုင်း အလုံး (၄၀)၊ လက်နက်ကြီး (၇)ချက်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ (၂၀)ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း YDF မှ သတင်းအတည်ပြုထုတ်ပြန်ထားသည်။

တိုက်ပွဲသည် တစ်နေကုန်ကြာမြင့်ခဲ့ပြီး ညနေ ၄-နာရီ အချိန်ခန့်တွင် ပြီးဆုံးခဲ့ကြောင်း YDF က အသိပေးသည်။
အောက်တိုဘာလ ၈ရက်နေ့ကလည်း ဆောမှကျောက်ထုဘက်သို့ အကြမ်းဖက်စစ်ကောင်စီမှ စစ်ကားငါးစီးနှင့်စစ်အင်အားတစ်ရာ‌ကျော် ချီတက်လာရာ YDF-Saw & Kyaukhtu မှ မိုင်းနှစ်လုံးခွဲ၍ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ သေဆုံး ဒဏ်ရာရသေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။