Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ် ၂၀ထက်မနည်းသေဆုံးခဲ့သောဆော-ကျောက်ထုလမ်းပိုင်းတိုက်ပွဲတွင် YDF မှပြည်သူ့တပ်သားတစ်ဦး ကျဆုံးခဲ့

ကျဆုံးသူမှာ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ဆော-ကျောက်ထုလမ်းပိုင်းတိုက်ပွဲတွင်ပြည်သူနှင့် နိုင်ငံတော်အတွက် အသက်ပေးလှုသွားရခြင်းဖြစ်ကြောင်း YDF က People’s Spring သို့ပြောကြားသည်။

မကွေးတိုင်း၊ ဆော-ကျောက်ထုလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ပွဲဝင်ရင်းအသက် ၁၉ နှစ်အရွယ်ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးအသက်ပေးလှုသွားကြောင်း Yaw Defense Force-YDF က ပြောသည်။

ယောဒေသကာကွယ်ရေးတပ်ဖွဲ့-YDF(ဆော -ကျောက်ထု ) တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးသည် အောက်တိုဘာလ ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ ပြည်သူလူထုအား ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တော်လှန်ရင်း အသက်ပေးလှုသွားခဲ့ကြောင်း YDFက ယနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ကျဆုံးသူမှာ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ဆော-ကျောက်ထုလမ်းပိုင်းတိုက်ပွဲတွင်ပြည်သူနှင့် နိုင်ငံတော်အတွက် အသက်ပေးလှုသွားရခြင်းဖြစ်ကြောင်း YDF က People’s Spring သို့ပြောကြားသည်။

ကျဆုံးသူ၏ ရုပ်အလောင်းအား တောတွင်းတစ်နေရာတွင် ကောင်းမွန်စွာ ဂူသွင်းမြေမြှုပ်သဂြိုလ်ပေးခဲ့ပြီး ကျန်ရစ်သူရဲဘော်များက အလေးပြုခဲ့ကြသည်။

စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် YDF(ဆော- ကျောက်ထု) ရဲဘော်တစ်ဦး၏ ပေးဆပ်မှုကို YDF မှ အလေးပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်တကွ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း ညှိုးငယ်သောစိတ်ထားဖြင့် YDFက အသိပေးခဲ့သည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က ဆော-ကျောက်ထု လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းနှစ်ကြောင်း၊ စစ်အင်အား (၁၅၀) ကျော်ဖြင့် ချီတက်လာရာ YDF-ဆော-ကျောက်ထုပျောက်ကျားတပ်ဖွဲ့ ကမိုင်းအကြီး (၂)လုံး ၊ ပဒေသာမိုင်း အလုံး (၄၀)၊ လက်နက်ကြီး (၇)ချက်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ (၂၀)ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း YDF မှ သတင်းအတည်ပြုထုတ်ပြန်ထားသည်။

တိုက်ပွဲသည် တစ်နေကုန်ကြာမြင့်ခဲ့ပြီး ညနေ ၄-နာရီ အချိန်ခန့်တွင် ပြီးဆုံးခဲ့ကြောင်း YDF က အသိပေးသည်။
အောက်တိုဘာလ ၈ရက်နေ့ကလည်း ဆောမှကျောက်ထုဘက်သို့ အကြမ်းဖက်စစ်ကောင်စီမှ စစ်ကားငါးစီးနှင့်စစ်အင်အားတစ်ရာ‌ကျော် ချီတက်လာရာ YDF-Saw & Kyaukhtu မှ မိုင်းနှစ်လုံးခွဲ၍ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ သေဆုံး ဒဏ်ရာရသေဆုံးမှုများ ရှိခဲ့သည်။

You May Also Like

သတင်း

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။