Connect with us

Hi, what are you looking for?

News

သက္ကလမြို့မှ စစ်​​ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်​ရေးမှူး ​သေနတ်ဖြင့် ငါးချက်ပစ်သတ်ခံရ

“သူကွမ်းဝယ်နေတုန်း ဆိုင်ကယ်နဲ့ လာပစ်သွားတာ။အခု အဲဒီနားပတ်လည်မှာ စစ်ခွေးတွေအများကြီးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပဲခူးတိုင်း သက္ကလမြို့အတွင်းရှိ စစ်ကောင်စီခန့် ရွှေပြည်အေးရပ်ကွက်အုပ်ချုပ်ရေးမှူးအား ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ရွှေပြည်အေးရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်မင်းဦးသည် ပဲခူး-သက္ကလ ကားမှတ်တိုင်(ဇော်ထွေးကွမ်းယာဆိုင်)တွင် ကွမ်းယာ၀ယ်နေရင်း သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခံရပြီး နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်။

“သူကွမ်းဝယ်နေတုန်း ဆိုင်ကယ်နဲ့ လာပစ်သွားတာ။အခု အဲဒီနားပတ်လည်မှာ စစ်ခွေးတွေအများကြီးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ပဲခူးမြို့၌ ဒလန် အဖြစ် နာမည်ကြီးသော သရက်တော (၁) လမ်းရှိ ရာအိမ်မှူးမှာ နေအိမ်တွင် ယနေ့နံနက် (၆)နာရီခန့်က ဗုံးပေါက်ကွဲ၍ ရာအိမ်မှူးအပါအဝင် မိသားစုဝင်လေးဦးဒဏ်ရာရသွားကြောင်း ဒေသခံမီဒီယာများက​​ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၀ ရက်ကလည်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်မှ စစ်တပ်သတင်း ​ပေးလက် နက်ကိုင် ပျူစောထီးအဖွဲ့ဝင်လည်းဖြစ်သူ ကျောက်ပိုးဒိုး(ခ)ကိုဖြိုးမှာလည်း​သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook