Connect with us

Hi, what are you looking for?

LuduNwayOo

News

သက္ကလမြို့မှ စစ်​​ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်​ရေးမှူး ​သေနတ်ဖြင့် ငါးချက်ပစ်သတ်ခံရ

“သူကွမ်းဝယ်နေတုန်း ဆိုင်ကယ်နဲ့ လာပစ်သွားတာ။အခု အဲဒီနားပတ်လည်မှာ စစ်ခွေးတွေအများကြီးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပဲခူးတိုင်း သက္ကလမြို့အတွင်းရှိ စစ်ကောင်စီခန့် ရွှေပြည်အေးရပ်ကွက်အုပ်ချုပ်ရေးမှူးအား ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ရွှေပြည်အေးရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်မင်းဦးသည် ပဲခူး-သက္ကလ ကားမှတ်တိုင်(ဇော်ထွေးကွမ်းယာဆိုင်)တွင် ကွမ်းယာ၀ယ်နေရင်း သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခံရပြီး နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်။

“သူကွမ်းဝယ်နေတုန်း ဆိုင်ကယ်နဲ့ လာပစ်သွားတာ။အခု အဲဒီနားပတ်လည်မှာ စစ်ခွေးတွေအများကြီးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ပဲခူးမြို့၌ ဒလန် အဖြစ် နာမည်ကြီးသော သရက်တော (၁) လမ်းရှိ ရာအိမ်မှူးမှာ နေအိမ်တွင် ယနေ့နံနက် (၆)နာရီခန့်က ဗုံးပေါက်ကွဲ၍ ရာအိမ်မှူးအပါအဝင် မိသားစုဝင်လေးဦးဒဏ်ရာရသွားကြောင်း ဒေသခံမီဒီယာများက​​ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၀ ရက်ကလည်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်မှ စစ်တပ်သတင်း ​ပေးလက် နက်ကိုင် ပျူစောထီးအဖွဲ့ဝင်လည်းဖြစ်သူ ကျောက်ပိုးဒိုး(ခ)ကိုဖြိုးမှာလည်း​သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။