Connect with us

Hi, what are you looking for?

သတင်း

မင်းပြားရှိ စစ်ကောင်စီ​၏ တိုင်းဗဟို(၉) လေ့ကျင့်ရေးကျောင်းအား AAသိမ်းပိုက်

ဖေဖော်ဝါရီ ၁၇ရက်က စတင်ထိုးစစ်ဆင်ခဲ့သည့် အဆိုပါ တပ်စခန်းကို ၁၀ရက်အကြာ ဖေဖော်ဝါရီ ၂၆ရက် ညနေပိုင်း၌ သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

(AA တိုက်ခိုက်သိမ်းယူခဲ့သော စစ်ကောင်စီ လေ့ကျင့်ကျောင်းနှင့် ဖေဖော်ဝါရီ ၂၇ရက်က မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား စစ်တပ်က ဗုံးကြဲတိုက်ခိုက်ပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓာတ်ပုံ-AA Info Desk)
(AA တိုက်ခိုက်သိမ်းယူခဲ့သော စစ်ကောင်စီ လေ့ကျင့်ကျောင်းနှင့် ဖေဖော်ဝါရီ ၂၇ရက်က မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား စစ်တပ်က ဗုံးကြဲတိုက်ခိုက်ပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓာတ်ပုံ-AA Info Desk)

▪️စခန်းသိမ်းတိုက်ပွဲ ၁၀ရက်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ အလောင်းနှင့် လက်နက်ခဲယမ်းများစွာရဟု ထုတ်ပြန်

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် မင်းပြားမြို့၊ ကမ်းနီကျေးရွာ အနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း (တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း)အား အလုံးစုံ သိမ်းနိုင်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၇ရက်က စတင်ထိုးစစ်ဆင်ခဲ့သည့် အဆိုပါ တပ်စခန်းကို ၁၀ရက်အကြာ ဖေဖော်ဝါရီ ၂၆ရက် ညနေပိုင်း၌ သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

စစ်ကောင်စီက အဆိုပါ စခန်းမကျရေးအတွက် လေကြောင်းမှ မရပ်မနားခုခံတိုက်ခိုက်နေမှုနှင့် လက်နက်ကြီးပစ်ကူ အမြောက်အမြား ပစ်ခတ်တိုက်ခိုက်နေမှုများရှိခဲ့သော်လည်း AA ၏ ဗျူဟာမြောက် ထိုးစစ်အောက်တွင် အဆိုပါ လေ့ကျင့်ရေးသင်တန်းကျောင်းကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သင်တန်းကျောင်းအတွင်းမှ စစ်ကောင်စီတပ်၏ အလောင်း၊ စစ်လက်နက်ခဲယမ်းအမြောက်အမြားအား သိမ်းဆည်းရမိခဲ့သည်ဟု အသိပေးသည်။

ထိုးစစ်အတွင်း AA ဒဘက်က ကျဆုံးထိခိုက်မှုရှိခဲ့သည်ဟု အသိပေးပြီး တိုက်ပွဲဝင်ခဲ့ကြသောသူများ၊ အသက်စွန့်လွှတ်ခဲ့ရသောသူများ အားလုံးကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဖော်ပြသည်။

ရက္ခိုင်ပြည်နယ် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့ရှိ စစ်ကောင်စီ စခန်းများကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်ကလည်း အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုဆက်လုပ်ဆောင်နေကြောင်း AAက အသိပေးပြီး ဖေဖော်ဝါရီ ၂၇ရက်တွင် မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲခဲ့၍ ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

ယင်းနေ့၌ပင် မင်းပြားမြို့နယ်၊ သေကံကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များ၊ စာသင်ကျောင်းနှင့် စပါးကျီများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။

စစ်ကောင်စီသည် ရက္ခိုင်ဒေသစစ်မျက်နှာတွင် ၎င်းတို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနှင့် တစ်မြို့ပြီးတစ်မြို့ကို လက်လွှတ်ဆုံးရှုံးနေရသည့်အတွက် ရှုံးမဲမဲကာ မြို့၊ ရပ်ရွာများရှိ အရပ်သားပြည်သူလူထုများနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ တိုက်တာအဆောက် အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်လျက်ရှိကြောင်း AA က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။