Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာအနီး စစ်မျက်နှာတွင် စစ်ကောင်စီတပ်စခန်း သုံးခုသာကျန်တော့ KIAသိမ်းထားသည့်စခန်းများမှ ထွက်ပြေးသည့်စစ်ကောင်စီတပ်သားများ ဘွမ်ရယ်ဘွမ်၌ ပိတ်မိနေ

KIA သည် မတ်လ ၇ရက်မှစ၍ လိုင်ဇာအနီး စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်ခဲ့ရာ တပ်စခန်း ၂၀ခန့်ကို သိမ်းပိုက်ထားပြီးဖြစ်ကာ အဆိုပါဒေသရှိ အမြင့်ဆုံးတောင်ဖြစ်သော ခရာတောင်စစ်ကောင်စီစခန်းကိုပါ သိမ်းပိုက်ထားသည်။

(စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား သိမ်းပိုက်ပြီးနောက် တွေ့ရသော KIA တပ်သားများ။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား သိမ်းပိုက်ပြီးနောက် တွေ့ရသော KIA တပ်သားများ။ ဓာတ်ပုံ - CJ)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီးစစ်မျက်နှာတွင် စစ်ကောင်စီ၏ တပ်စခန်း အနည်းငယ်သာ ကျန်ရှိတော့ပြီး KIA သိမ်းထားသည့် တပ်စခန်းများမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ ဘွမ်ရယ်ဘွမ် စစ်စခန်း၌ စုစည်းပိတ်မိနေသည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပြသည်။

KIA သည် မတ်လ ၇ရက်မှစ၍ လိုင်ဇာအနီး စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်ခဲ့ရာ တပ်စခန်း ၂၀ခန့်ကို သိမ်းပိုက်ထားပြီးဖြစ်ကာ အဆိုပါဒေသရှိ အမြင့်ဆုံးတောင်ဖြစ်သော ခရာတောင်စစ်ကောင်စီစခန်းကိုပါ သိမ်းပိုက်ထားသည်။

“ဘွယ်ရယ်ဘွမ်တောင်ကတော့ လိုင်ဇာဝန်းကျင်က စခန်းတွေ မှာ တော်တော်လည်း ဗျူဟာကျတဲ့ စခန်းတော့ ဟုတ်တယ်။ဘွမ်ရယ်ဘွမ်တောင် အနီးဝန်းကျင်မှာလည်း စခန်းငယ် ၂ခု ကျန်သေးတယ်။ အခုထိုးစစ်ဆင်တဲ့ စစ်မျက်နှာဘက်တော့ စခန်းသုံးခု ကျန်သေးတယ်။ ခရာတောင်ကနေ ထွက်ပြေးသွားတဲ့ ဗျူဟာမှူးအပါ သူတို့စစ်ကြောင်းတွေလည်း အဲဒီဘက်မှာ ပြန်စုနေပြီ” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ဘွမ်ရယ်ဘွမ်တပ်စခန်းနှင့် အနီးရှိ တပ်စခန်း ၂ခုတွင် စုမိပြီး ပိတ်မိနေသည့် စစ်ကောင်စီ အင်အားမှာ ရာဂဏန်း အကြီးပိုင်းထိရှိသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ထောင်ဂဏန်းလောက်တောင်ရှိတယ် ထင်တယ်။ ကျနော်တို့ ၇ရက်နေ့ကနေ စတိုက်တဲ့အချိန်ကနေ ကျနော်တို့ သိမ်းရတဲ့ စခန်းအကုန်လုံးက စစ်ကြောင်းတွေ အကုန်လုံးက အဲဒီဘက်မှာပဲ စုစုနေတာ။ ထွက်ပေါက်မရှိတော့ဘူးလေ သူတို့ အတွက်တော့။မြစ်ကြီးနားဘက် ပြန်မယ်ဆိုရင်လည်း ခြေလျင်နဲ့ဆို တစ်ပတ်လောက်ကြာမယ်။ ဗန်းမော်ဘက် ဆင်းမယ်ဆိုရင်လည်း တစ်ပတ်လောက် လမ်းလျှောက်ရမှာပေါ့။ ဒီအတိုင်း ထွက်သွားလို့လည်းမရဘူးလေ။ ကျနော်တို့ဘက်ကနေ နေရာအနှံ့ ကျနော်တို့စစ်ကြောင်းတွေရှိထားတယ်ဆိုတော့ ကျနော်တို့ ဝိုင်းထားတယ်ဆိုတော့ ကျနော်တို့ စစ်ကြောင်းတွေက အဆင့်ဆင့် ဝိုင်းထားပြီးပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်များအနေဖြင့် စခန်းများကို လက်လွှတ်လိုက်ရပြီး ဘွမ်ရယ်ဘွမ် စခန်း နှင့် အနီးဝန်းကျင်၌ စုစည်းနေရခြင်းဖြစ်၍ ရိက္ခာ အခက်အခဲ ကြုံလာမည်ဖြစ်သည်ဟု ပြောပြသည်။

“သူတို့ လက်လွတ်လိုက်ရတဲ့ တပ်စခန်းတွေကနေ အဲဒီဘက်မှာပဲ လာစုနေကြတာဆိုတော့ သူတို့ ရိက္ခာတွေက စခန်းထဲမှာ သူတို့ ရိက္ခာက သူတို့ဟာနဲ့ သူတို့ ခွဲထားပြီးသား။ အဲဒီဘက်မှာ ရှိတဲ့ စစ်ကြောင်းတွေ အကုန်လုံးက အဲဒီမှာ လာစုနေကြတယ်ဆိုတော့ အဲဒီ မှာ ပို့ထားတဲ့ ရိက္ခာပဲ သူတို့ ပုံစားနေရတယ်ဆိုတော့ တစ်လလောက်တောင် မခံဘူးထင်တယ်။ သူတို့ လက်နက်မချလည်း ရိက္ခာပြတ်တော့မှာလေ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လိုင်ဇာအနီး စစ်ကောင်စီတပ်စခန်းများအားလုံး ကင်းစင်သွား ခြင်းမရှိသေးဘဲ တိုက်ပွဲများ ဆက်ရှိနေသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားထားသည်။ လက်တလော စစ်ရေး အခြေအနေများကိုလည်း ဗိုလ်မှူးကြီးနော်ဘူထံ မေးမြန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ကောင်စီတပ်ကို အနားပေးခြင်း လုံး၀မပြုဘဲ စစ်ရေးရလဒ်များ ရရှိအောင် ကြိုးပမ်းကြရန် ယနေ့ အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။