Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာအနီးကို စစ်ကောင်စီ လက်နက်ကြီးများဖြင့် တိုက်ခိုက်

စစ်ကောင်စီသည် မိမိတို့ စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ ၎င်း၏ ဗျူဟာကျတပ်စခန်းကြီး၊ ငယ်များနှင့် ရဲဘက် ဆိုင်ရာစခန်းများကိုပါ လက်လွတ်ဆုံးရှုံးနေရသဖြင့် မိုက်ရူးရဲဆန်ကာ အရပ်သားပြည်သူများကိုသာ တမင်ရည်ရွယ် ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ဖော်ပြသည်။

(လိုင်ဇာမြို့ တနေရာအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လိုင်ဇာမြို့ တနေရာအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️AAနှင့် ဆက်စပ်သည်ဟုဆိုကာ အရပ်သား ၁၀၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထားဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီးကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၃၀ရက် ည ၁၂နာရီအချိန်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးစခန်းတစ်ခုဖြစ်သော ခါယာတောင်တပ်စခန်းမှ လိုင်ဇာအနီးတဝိုက်နှင့် ရက္ခိုင့်တပ်တော်(AA) တပ်စခန်းရှိရာ မုန်လိုင်ခတ်တပ်စခန်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

လက်နက်ကြီးပစ်ခတ်၍ ထိခိုက်ကျဆုံးရှိမရှိ အခြေအနေ ဖော်ပြမထားပေ။

စစ်ကောင်စီသည် ခရစ်ယာန်ဘာသာဝင်တို့၏ အထွဋ်အမြတ်အလေးထားရာ Sweet December နေ့ကို တမင်တကာရည်ရွယ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ရက္ခိုင်ဒေသစစ်ရေးအခြေအနေကို ဖော်ပြရာ AAက ရက္ခိုင်ဒေသတွင်း စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ AA နှင့် ဆက်စပ်ပတ်သက်သည်ဟူသော စွပ်စွဲချက်များဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအား နေ့စဉ်ရက်ဆက် ဖမ်းဆီးလာခဲ့ရာ အရပ်သားပြည်သူ၁၀၀နီးပါးမှာ စစ်ကောင်စီ၏ အင်အားသုံးဖမ်းဆီးမှုကို ခံနေရ သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်က ရခိုင်ဒေသ ကျေးရွာများကို လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု အသိပေးသည်။ နိုဝင်ဘာ ၂၉ရက်က မင်းပြား တိုင်းဗဟို (၉)စစ်ကောင်စီတပ်စခန်းမှ အနီးအနားရှိ ကျေးရွာများအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ရည်ရွယ်ချက်ရှိရှိ တမင်တကာ ရမ်းသန်းပစ်ခတ်ခဲ့ရာ မင်းပြားမြို့နယ်၊ အိုးပုံတောင်ကျေးရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ (၂)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ လေးဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီသည် မိမိတို့ စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ ၎င်း၏ ဗျူဟာကျတပ်စခန်းကြီး၊ ငယ်များနှင့် ရဲဘက် ဆိုင်ရာစခန်းများကိုပါ လက်လွတ်ဆုံးရှုံးနေရသဖြင့် မိုက်ရူးရဲဆန်ကာ အရပ်သားပြည်သူများကိုသာ တမင်ရည်ရွယ် ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ဖော်ပြသည်။

အရပ်သားပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများကို ရသည့်ဘက်မှ တားမြစ်ပိတ်ပင် ကာ စားနပ်ရိက္ခာကုန်စည်စီးဆင်းမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဖြတ်တောက်ခြင်းတို့အပြင် ကျန်းမာရေး၊ လူမှုရေးကိစ္စများကိုပါ တင်းတင်းကြပ်ကြပ် ပိတ်ပင်လာသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ်စခန်းများ၌ ဒေသတွင်း ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ရန်ရည်ရွယ်ချက်ဖြင့် ပစ်မှတ်များကို အသင့်ရေးသားထားကြောင်း ရခိုင်သတင်းဌာနအချို့က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။