Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့တွင် စစ်မှုထမ်းစာရင်းကောက်သည့် စစ်ကောင်စီအဖွဲ့ ကို CDF-မင်းတပ်ဖုန်းဆက်သတိ​ပေးရာ ထွက်ပြေး

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

(ချင်းကာကွယ်ရေးရဲဘော်များ။ ဓါတ်ပုံ- CDF မင်းတပ်)
(ချင်းကာကွယ်ရေးရဲဘော်များ။ ဓါတ်ပုံ- CDF မင်းတပ်)

ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီအတွက်စစ်မှုထမ်းရန် စစ်​ကောင်စီရဲနှင့် ဝန်ထမ်းများက စာရင်းလိုက်လံကောက်ယူနေသည်ကို ချင်းကာကွယ်ရေးတပ်က ဖုန်းဆက် သတိ​ပေးတားမြစ်ခဲ့ရာ အဆိုပါအဖွဲ့ထွက်ပြေးသွားခဲ့သည်။

မင်းတပ်မြို့ စစ်​ကောင်စီဝန်ထမ်းအချို့သည် မတ်လ ၂၃ ရက်နေ့က မင်းတပ်မြို့၊ စံပြရပ်ကွက်သို့ ရောက်ရှိလာပြီး စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံနေစဉ် CDF မင်းတပ်က ဖုန်းဆက်တားမြစ်ခဲ့ခြင်းဖြစ်သည်။

“စံပြ ဈေးနား အထိ ရောက်လာတယ်။ ထပ်မလုပ်ဖို့၊မပူးပေါင်းဖို့ လှမ်းပြီးသတိပေးတာ။ စစ်သားမပါဘူး။ ရဲတွေပါတယ်။ တခြားရပ်ကွက်တွေကိုမသွားသေးဘူး။ မြို့လယ် ခေါင်ကနေစပြီးစာရင်းကောက်တာမှာ လှမ်းပြီးသတိပေးလိုက်တော့ ပြန်ပြေးတာ”ဟု CDF မင်းတပ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

CDF မင်းတပ်က ထိုကဲ့သို့သတိပေးပြီးနောက် မင်းတပ်မြို့ပေါ်၌ မတ်လ ၂၉ရက်အထိ စာရင်းကောက်ယူခြင်းမရှိတော့ကြောင်း သတင်းရရှိသည်။

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် မြို့ပေါ်ရှိ စစ်တဲ့စခန်းနှင့် ဌာနဆိုင်ရာရုံးအချို့၌သာ တပ်စွဲထားနိုင်ပြီး မြို့ပတ်ဝန်းကျင်နှင့် ကျေးရွာများကို ချင်းကာကွယ်ရေးရဲဘော်များက ထိန်းချုပ်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ သြဂုတ်လတွင် လည်းမင်းတပ်မြို့ပေါ်ရှိ ခရိုင်ပြည်သူ့ဆေးရုံဝန်းထဲမှ လူနာ တင်ကားတစ်စီးကို ချင်းကာကွယ်ရေးရဲဘော်များက ဝင်ရောက်ပြီး မောင်းနှင်ယူလာခဲ့ဖူးသည်။ ယင်းဆေးရုံ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရှိသော်လည်း မတားဆီးရဲဘဲ မသိချင်ဟန်ဆောင်ခဲ့ကြောင်း ချင်းကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

ယခုအခါ စစ်ကောင်စီက စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဒေသခံများအား လူသစ်စုဆောင်းမည်ကို ချင်းကာကွယ်ရေးရဲဘော်များက ကြိုတင်တားဆီးနေသည်။ စစ်ကောင်စီအတွက် စစ်မှုထမ်းရန် တပ်သားသစ်စုဆောင်းသူများ၏ လုံခြုံရေးအား အာမခံမည်မဟုတ်ကြောင်းလည်း ချင်းအမျိုးသားကောင်စီ(မင်းတပ်)က ထုတ်ပြန်သတိ‌ပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။

သတင်း

ဇနီးဖြစ်သူ​ဒေါ်ခင်စိုးရီက ခင်ပွန်းကိုပြန်လွတ်​ပေးဖို့ အာဏာသိမ်း​ခေါင်း​ဆောင်​တွေထံအသနားခံ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။