Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားစစ်တပ်ထဲ ဆွဲသွင်းခံရတဲ့ နိုင်ငံသားနှစ်ဦး ယူကရိန်းမှာ တိုက်ပွဲကျခဲ့တယ်လို့ အိန္ဒိယ ထုတ်ပြန်

ရုရှားစစ်တပ်ထဲမှာ အမှုထမ်းရင်း အိန္ဒိယ နိုင်ငံသားနှစ်ဦးဟာ ယူကရိန်း ပဋိပက္ခမှာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတွက် ဝမ်းနည်းမိကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှားစစ်တပ်ထဲ ဆွဲသွင်းခံရတဲ့ နိုင်ငံသားနှစ်ဦး ယူကရိန်းမှာ တိုက်ပွဲကျခဲ့တယ်လို့ အိန္ဒိယ ထုတ်ပြန်
ရုရှားစစ်တပ်ထဲ ဆွဲသွင်းခံရတဲ့ နိုင်ငံသားနှစ်ဦး ယူကရိန်းမှာ တိုက်ပွဲကျခဲ့တယ်လို့ အိန္ဒိယ ထုတ်ပြန်

ယူကရိန်း စစ်ပွဲမှာ ပါဝင် တိုက်ခိုက်ဖို့ ရုရှားစစ်တပ်ထဲ ဆွဲသွင်းခံရတဲ့ နိုင်ငံသားနှစ်ဦး သေဆုံးသွားကြောင်း အိန္ဒိယ အစိုးရက အတည်ပြုခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီ အိန္ဒိယ စစ်သား နှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို ပြန်လည် ပို့ဆောင်ပေးဖို့ ရုရှား အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။ ဒါ့အပြင် ရုရှားစစ်တပ်ထဲမှာ ပါဝင်တိုက်ခိုက်နေရတဲ့ အိန္ဒိယ နိုင်ငံသား အားလုံးကို ပြန်လွှတ်ပေးဖို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။

အိန္ဒိယ၊ နီပေါနဲ့ သီရိလင်္ကာ အစိုးရတွေက သူတို့ရဲ့ နိုင်ငံသားတွေဟာ ယူကရိန်း ပဋိပက္ခမှာ နှစ်ဖက်စလုံးကနေ အကြောင်းအမျိုးမျိုးနဲ့ ပါဝင် တိုက်ခိုက်နေကြရကြောင်း ပြောကြားထားပါတယ်။ အဲဒီထဲမှာ လူကုန်ကူးသူတွေက လစာကောင်းတဲ့ အလုပ်အကိုင် စီစဉ်ပေးမယ်လို့ မက်လုံးပေးပြီး ရုရှားရဲ့ တပ်သားသစ် စုဆောင်းရေး ယူနစ်တွေဆီ ပို့ဆောင်တာ ခံခဲ့ရသူတွေလည်း ပါဝင်ပါတယ်။

လတ်တလော အိန္ဒိယဖက်က ကြေညာချက်အပေါ် ရုရှားက ဘာတုံ့ပြန်မှတ်ချက်ပေးမှုမှ မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ရုရှားဟာ စစ်မှုထမ်းဖို့အတွက် အိန္ဒိယ နိုင်ငံသား ဒါဇင် အတော်များများကို ငွေကြေး၊ ဒါမှမဟုတ် ရုရှားပတ်စ်ပို့တ်တွေ ရရှိစေမယ်လို့ မက်လုံးပေးပြီး ခေါ်ယူတာတွေ ရှိနေတယ်လို့ သိရပါတယ်။ တချို့ကတော့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး ရှေ့တန်း တိုက်ခိုက်ရေး တာဝန်တွေဆီ အတင်းအကျပ် ပို့ဆောင် ခံရပါတယ်။ တချို့ကလည်း အကျိုးအမြတ်ကို မျှော်လင့်ပြီး ကိုယ်ပိုင် သဘောဆန္ဒနဲ့ ရုရှားတပ်ထဲ ဝင်ကြတာပါ။

ရုရှားစစ်တပ်ထဲမှာ အမှုထမ်းရင်း အိန္ဒိယ နိုင်ငံသားနှစ်ဦးဟာ ယူကရိန်း ပဋိပက္ခမှာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတွက် ဝမ်းနည်းမိကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ သေဆုံးသူတွေရဲ့ နာမည်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။

အိန္ဒိယဟာ ရုရှားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အခုလိုမျိုး နိုင်ငံသားတွေကို ရုရှားစစ်တပ်ကနေ ပြန်ခွင့်ပြုဖို့ တောင်းဆိုနေတဲ့တိုင် ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး အတိအလင်း မရှုတ်ချတဲ့ နိုင်ငံ အနည်းအကျဉ်းထဲမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီအစား အိန္ဒိယဟာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ကိုသာ အစဉ်တစိုက် တိုက်တွန်း တောင်းဆိုနေခဲ့ပါတယ်။

မကြာသေးခင်က နီပေါနဲ့ သီရိလင်္ကာ အစိုးရတွေကလည်း နိုင်ငံသားတွေ အနေနဲ့ လူကုန်ကူးသမားတွေရဲ့ အယုံသွင်း လိမ်လည်မှုတွေကို နားယောင်ပြီး စစ်ပွဲထဲ ဆွဲသွင်းခံရတဲ့ အခြေအနေမျိုး မဖြစ်အောင် ရှောင်ကြဉ်ကြဖို့ သတိပေး နှိုးဆော်ထားပါတယ်။ နှစ်နိုင်ငံ အာဏာပိုင်တွေရဲ့ အသီးသီး ထုတ်ပြန်ချက်တွေအရ ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ရင်း အနည်းဆုံး နီပေါ နိုင်ငံသား ၂၀ နဲ့ သီရိလင်္ကာ နိုင်ငံသား ၁၆ ဦးတို့ သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကာ: BBC⁩

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook